cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲစင်းငုံ စျေးမြင့်တက်ပြီး အဝယ်သွက်လာ

. All News
အိန္ဒိယအစိုးရက ပဲစင်းငုံလွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးပြီးနောက် ပြည်တွင်းစျေးကွက်တွင် စျေးမြင့်တက်၊ အဝယ်သွက်လာ
  • အိန္ဒိယအစိုးရက ပဲစင်းငုံလွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးပြီးနောက် ပြည်တွင်းစျေးကွက်တွင် စျေးမြင့်တက်၊ အဝယ်သွက်လာကြောင်း ပဲ၊နှမ်း ကုန်သည်များထံမှသိရသည်။

    အိန္ဒိယအစိုးရက ပြည်ပမှပဲစင်းငုံလွတ်လပ်စွာတင်သွင်းခွင့်ကို လာမည့် ၂၀၂၆ ခုနှစ် မတ်လကုန်ထိ သက်တမ်းတိုးမြင့်ခွင့်ပြုပေးခဲ့ကြောင်း အသိပေးစာကို ဇန်နဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    ဇန်နဝါရီ ၂၀ ရက်တွင် ပဲစင်းငုံတစ်တန်လျှင် ငွေကျပ် ၂၈၈၀၀၀၀ စျေးဖွင့်ခဲ့သော်လည်း ဇန်နဝါရီ ၂၁ ရက်နေ့စတင်ကာ တစ်တန်လျှင် ငွေကျပ် ၂၉၆၅၀၀၀ ထိ စျေးမြင့်တက်လာပြီး ဆက်လက်စျေးမြင့်တက်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

    ပဲစင်းငုံနှင့်အတူ မတ်ပဲ၊ မြေထောက်ပဲတို့လည်း စျေးမြင့်တက်ခြင်းမရှိသေးသော်လည်း အဝယ်သွက်လာကြောင်း ပဲစင်းငုံမှာ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်း မန္တလေးစျေးကွက်အပိတ်ချိန်ထိ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ပေါက်စျေးဖြစ်လာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

    “ပဲစင်းငုံစျေးကဒီနေ့ဆိုရင် စျေးကောင်းလာပါတယ်။ အန္ဒိယက သက်တမ်းတိုးပေးလိုက်တော့ စျေးကွက်ထဲမှာ ငွေကျပ်၂၇၀၀၀၀ ကျော်ပေါက်စျေးရှိရာကနေ ဒီနေ့စျေးကွက်ပိတ်အချိန်ထိ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၂၉၀၀၀၀ ထိပေါက်စျေးရှိလာပါတယ်။ ပို့ကုန်ပဲစင်းငုံအပေါ်လိုက်ပြီး သူနဲ့အတူတင်ပို့တဲ့ မတ်ပဲနဲ့မြေထောက်ပဲလည်း အရောင်းအဝယ်တက်လာပါတယ်” ဟု ၄င်းကပြောသည်။

    မန္တလေးပဲ၊ နှမ်းစျေးကွက်တွင် ပို့ကုန်ပဲစင်းငုံနှင့် မြေပဲလုံးဆန်တို့ကအရောင်းအဝယ်သွက်နေပြီး အခြားပဲမာလိုင်းများနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အရောင်းအဝယ်ပုံမှန်သာရှိနေသည်။

    ဇန်နဝါရီ ၂၂ ရက် မန္တလေး ပဲ၊ နှမ်းစျေးကွက်တွင် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ပေါက်စျေးရှိနေပြီး စျေးကွက်တွင်အဝင်ရှိသလောက်ဝယ်ယူမှုများနေကြောင်းသိရသည်။

    အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမူဝါဒအရ မြန်မာနိုင်ငံမှ မတ်ပဲနှင့်ပဲစင်းငုံကို ယခု ၂၀၂၅ ခုနှစ် မတ်လအထိ လွတ်လပ်စွာတင်သွင်းခွင့်ရရှိထားပြီး၊ မြန်မာနှင့် အိန္ဒိယနိုင်ငံကြား G to G အစီစဥ်ဖြင့် မတ်ပဲနှင့် ပဲစဥ်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရလည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ထိ နှစ်စဥ်မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို ပုဂ္ဂိလိကကုန်သွယ်မှု ကဏ္ဏကနေတင်ပို့ခွင့်ရရှိထားခြင်းကြောင့် ယခုလိုစျေးမြင့်တက်အဝယ်တက်လာခြင်းဖြစ်သည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
5
comments
0
views
1556