cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အစားအသောက်များ ထိန်းသိမ်းနည်း (၁၂) မျိုး

. Value Added Products
အစားအစာထိန်းသိမ်းခြင်းဆိုသည်မှာ အစာအဆိပ်သင့်ခြင်း၊ အစားအစာ ပျက်စီးခြင်း၊ အစားအစာအတွင်း ရောဂါပိုးမွှားဝင်ရောက်ခြင်းမှ ကာကွယ်ရန် နည်းလမ်းများဖြစ်သည်။
  • အခုဖော်ပြပေးလိုက်တဲ့ နည်းလမ်းလေးတွေက မိမိတို့ အိမ်မှာ အသုံးပြုနိုင်တဲ့ အပြင် အစားအစာထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ များသောအားဖြင့် တွေ့ရနိုင်တဲ့ နည်းလမ်းလေးများဖြစ်ပါတယ်။

    Pickling အချဥ်စိမ်ခြင်း

    ရှာလကာရည်ဖြင့် တာရှည်ခံအောင် တားခြင်း။

    ရှာလကာရည်တွင် ပါဝင်သော Acetic acid ၏ ရောဂါပိုးမွှားကြီးထွားမှုကို ဟန့်တားပေးသော လုပ်ဆောင်ချက်ကြောင့် အသား၊ ဟင်းသီးဟင်းရွက်များကို တာရှည်ခံအောင်ထိန်းသိမ်းပေးသည်။

    Salting ဆားနယ်ခြင်း။

    ဆားကို အသုံးပြု၍ ငါး၊ အသားအမျိုးမျိုး ကို တာရှည်ခံအောင် ထားခြင်း။

    ဆားရည်သည် ရောဂါပိုးမွှားများကြီးထွားမှုကို ဟန့်တားသည်။

    Smoking မီးခိုးမှိုင်း (သို့) ကြပ်ခိုးရိုက်ခြင်း

    ငါးနှင့် အသားများကို မီးခိုးမှိုင်း ( သို့) ကြပ်ခိုရိုက်ခြင်းသည် ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ပျက်စီးခြင်းကို ကာကွယ်ပေးသည်။

    သစ်သားမီးခိုးတွင် ရောဂါပိုးမွှားဆန့်ကျင်ရေးနှင့် တိရိစ္ဆာန်အဆီကို နှေးကွေးစေသော ဒြပ်ပေါင်းများစွာပါရှိသည်။

    Canning စည်သွပ်ခြင်း

    စည်သွပ်ခြင်းဆိုသည်မှာ အပူချိန်မြင့်မားသော လေလုံသော ကွန်တိန်နာတစ်ခုတွင် အစားအစာပါဝင်မှုကို ပြုပြင်ပြီး အလုံပိတ်သော အစားအစာကို ထိန်းသိမ်းသည့်နည်းလမ်းဖြစ်သည်။ အထူးသဖြင့် အသား၊ ငါး၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များ ကဲ့သို့သော အစားအစာများ ကာလရှည်စွာ ထိန်းသိမ်းထားနိုင်သည်။

    Bottling ပုလင်းသွင်းခြင်း

    စည်သွပ်ခြင်း ကဲ့သို့ပင် နို့၊ ဝိုင် နှင့် အဖျော်ယမကာ အမျိုးမျိုးတို့အား အပူချိန်မြင့်မားသော လေလုံသော ပုလင်းတစ်ခုတွင် အစားအစာပါဝင်မှုကို ပြုပြင်ပြီး အလုံပိတ်သော အစားအစာကို ထိန်းသိမ်းသည့် နည်းလမ်း ဖြစ်သည်။

    Pasteurization အပူအအေး စီးကြောင်းများ အသုံးပြုခြင်း

    နွားနို့ကဲ့သို့ အဖျော်ယမကာများ တာရှည်ခံစေရန် ‌အပူ အအေး စီးကြောင်းတွင်းဖြတ်ကာ ဘတ်တီးရီးယားကဲ့သို့ ရောဂါပိုးမွှား ပေါက်ဖွားမှုကို Low Temperature Holding ( LTH), Hight Temperature Short Time Method (HTSTH) ကဲ့သို့သော အပူချိန်များဖြင့် ထိန်းချုပ်သည့် နည်းလမ်းဖြစ်သည်။

    Refrigerator ရေခဲသေတ္တာ (သို့) အအေးခန်း

    အစားအစာကို အပူချိန်နိမ့်သော သို့မဟုတ် အေးသောနေရာတွင် ထားခြင်း။ ယေဘုယျအားဖြင့် အခန်းအပူချိန် -18°C ရှိသော ရေခဲသေတ္တာထဲတွင် 4°C သည် အစားအစာများမပျက်စီးအောင် ထားနိုင်သည်။ အသားနှင့်ငါးများကို သိမ်းဆည်းရန်အတွက် - 60°C အပူချိန်ရှိ‌သော အလွန်အေးသည့် ရေခဲသေတ္တာများသည် ကောင်းမွန်သည်။

    Sterilization ပိုးသတ်/သန့်ခြင်း

    အစားအစာတွင် ပေါက်ဖွားတတ်သော အဏုဇီဝပိုးမွှားများ ဖယ်ရှားရန် အပူချိန် 100 °C တွင် ဆူပွက်လာအောင် အပူပေးခြင်း။

    Dehydration ရေဖယ်ထုတ်ခြင်း

    အလွယ်ကူဆုံးနှင့် အသက်သာဆုံးနည်းလမ်းဖြစ်သည်။ ရေဖယ်ထုတ်၍ အ‌ခြောက်ခံခြင်းဖြင့် ရောဂါပိုးမွှား ပေါက်ဖွားမှု့ကို တားဆီးပေးသည်။ ဥပမာ- ငါးခြောက်၊ အသီးခြောက်၊ အသားခြောက်

    Lyophilization (Freeze Drying) အေးခဲနည်းဖြင့်ခြောက်သွေ့ခံခြင်း

    လေဟာနယ်အောက်တွင် ထုတ်ကုန်များကို လျင်မြန်စွာ အေးခဲပြီးနောက် ရေထုတ် အခြောက်ခံခြင်းသည် ဝေးလံသောနေရာများသို သယ်ယူပို့ဆောက်ရာတွင် ဘက်တီးရီးယားပွားများမှုကို ထိန်းချုပ်ပြီး တာရှည်ခံအောင်ထိန်းသိမ်းပေးသည်။

    Chemical additives ဓာတုပစ္စည်းများ အသုံးပြုခြင်း

    အစားအစာ ဖြည့်စွက်ပစ္စည်းများသည် အရသာ ထိန်းသိမ်းရန် သို့မဟုတ် ပုံပန်းသဏ္ဍာန်ကို မြှင့်တင်ရန် ဖြစ်ပြီး ဓာတုဖြည့်စွက်ပစ္စည်းများသည် ယိုယွင်းပျက်စီးခြင်းမှ ကာကွယ်ရန် အစားအစာတွင် ထည့်ထားသော အရာများဖြစ်သည်။ စျေးကွက်တွင် တရားဝင် အသုံးပြုနိုင်သော ပစ္စည်းများမှာ - Acetic acid, Lactic acid, Benzonic acid)

    Radiation ဓာတ်ရောင်ခြည်ပေးခြင်း

    UV rays - ခရမ်းလွန်ရောင်ခြည်၊ Beta rays (ဘီတာရောင်ခြည်) နှင့် Gamma rays (ဂမ်မာရောင်ခြည်) များကို အစားအစာထိန်းသိမ်းရာတွင် ပိုးမွှားကြီးထွားမှုကို ထိန်းချုပ်ရန်နှင့် ဟန့်တားရန်အတွက် တွင်ကျယ်စွာ အသုံး ပြုသည်။

    ထွက်တိုး

    Reference: 10 Methods of Food Preservation with Example | Food Microbiology

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes
8
comments
0
views
1791