ဆောင်းတွင်းကာလ၌ ငါးများကို စနစ်တကျ ပြုစုစောင့်ရှောက်နည်း
- ငါးမွေးတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဆောင်းတွင်းကာလမှာ မိမိတို့ငါးကန်တွေမှာရှိတဲ့ ငါးကျန်းမာ ရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါကြောင့် ဂရုစိုက်ဖို့ဆိုရင် ပထမဆုံး နားလည်ရမယ့်အချက် တစ်ချက်ရှိ ရပါမယ်။ အဲဒါကတော့ ဆောင်းတွင်းကာလ ငါးတွေရဲ့ သဘောသဘာဝဖြစ်ပါတယ်။ - ငါးတွေရဲ့ သဘာဝဟာ အပူချိန်ကျလာပြီဆိုရင် အောက်ဖော်ပြပါတွေ ပြောင်းလဲလာတဲ့အတွက် အဆိုပါ ပြောင်းလဲမှုများအနဲ့ အညီ ပြုစုစောင့်ရှောက်ရာမှာ ပြောင်းလဲပေးဖို့ လိုလာပါတယ်- - ဇီဝကမ္မဖြစ်စဉ် နှေးလာခြင်း - ငါးတွေဟာ ဆောင်းတွင်းကာလမှာ ခန္ဓာကိုယ်အပူချိန်နဲ့ ပတ်ဝန်းကျင်အနေအထားပေါ်မူတည်၍ ဇီဝကမ္မဖြစ်စဉ်တွေဟာ နှေးလာပါတယ်။ တစ်ဆက်တည်းမှာဘဲ အစာစားနှုန်းနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ နှေးလာပါတယ်။ - ဆောင်းခိုခြင်း - ငါးအများစုဟာ ဆောင်းတွင်းကာလမှာ အေးတဲ့ ကန်ရေမျက်နှာပြင်ပေါ်ကနေ ရေအပူချိန် ပြောင်းလဲမှုနည်းတဲ့ ကန်အောက်ခြေကို သွားနေပြီး ဆောင်းခိုလေ့ရှိပါတယ်။ - အောက်ဆီဂျင်လိုအပ်ချက်ညှိခြင်း - ဆောင်းတွင်းမှာ ငါးတွေဟာ အောက်ဆီဂျင်ရှူသွင်းနှုန်းကိုလည်း လျော့ကျပါတယ်။ ဒါပေမယ့် အောက်ဆီဂျင်ရနိုင်တဲ့ သင့်တော်တဲ့နည်းလမ်းတော့ လုပ်ပေးဖို့လိုပါတယ်။ - လေဝင်လေထွက်ဖန်တီးပေးခြင်း - အန္တရာယ်ရှိတဲ့ အငွေ့တွေဟာ ကန်ထဲမှာ ပျော်ဝင်နေတတ်ပါတယ်။ တကယ်လို့ လေဝင်လေထွက် ကောင်းစေမယ့်နည်းနဲ့ ရေကို လှည့်မပေးဘူးဆိုရင် ငါးတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ - ဆောင်ရွက်သင့်တဲ့ အဆင့်များ - ၁။ ဆောင်းကာလမတိုင်မီ ကန်ကိုပြင်ရန် - ဆောင်းကာလမတိုင်မီမှာ ကန်ထဲမှာရှိတဲ့ အမှိုက်သရိုက်၊ သစ်ရွက်ဆွေး၊ အစရှိတဲ့ အရာတွေကို ရှင်းလင်းပေးသင့်ပါတယ်။ ဒါမှသာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားမှုကနေ ကာကွယ်နိုင်မှာပါ။ တစ်ဆက်တည်းမှာဘဲ ကန်ထဲမှာပေါက်နေတဲ့ ရေနေပင်တွေကို ညှပ်ပေးဖို့လိုပါတယ်။ အဲလိုလုပ်ပြီး ပြီဆိုရင်တော့ ကန်ထဲကို နောက်ထပ် အမှိုက်သရိုက်တွေ မကျဖို့ ကန်ပေါ်မှာ ပိုက်တွေမိုးပေးနိုင်ရင် ပိုကောင်းပါတယ်။ - ၂။ အောက်ဆီဂျင်ပမာဏကို ထိန်းပေးရန် - ကျွန်တော်တို့ သိထားပြီးသလိုပါ။ ဆောင်းတွင်းကာလမှာ ရေလှည့်ပေးဖို့တွေလိုပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းစေတဲ့အရာတွေ၊ စက်ပစ္စည်းတွေ တပ်ဆင်ပေးဖို့လိုပါတယ်။ - ၃။ အစာကျွေးခြင်းကို လိုအပ်သလိုဆောင်ရွက်ပေးရန် - ဆောင်းတွင်း ကန်ရေအပူချိန်ဟာ ၅၀ ဒီဂရီဖာရင်အောက်ကျသွားမယ်ဆိုရင် အစာကျွေးတာကို ရပ်ပေးဖို့လိုပါတယ်။ ဆောင်းတွင်းမှာ ငါးတွေရဲ့ အစာခြေနှုန်းဟာ သိသိသာသာကို နှေးလို့ဖြစ်ပါတယ်။ - ၄။ အေးခဲခြင်းမှ ကာကွယ်ရန် - ငါးကန်ရေဟာ အေးခဲသွားတဲ့အဆင့်ထိရောက်မသွားရင် ဘာမှမဖြစ်ပါဘူး။ တကယ်လို့ ရေခဲတဲ့ ဒေသတွေမှာဆိုရင် ရေနွေးပေးစက်လေးတပ်ပေးဖို့လိုပါတယ်။ - ၅။ ရေအရည်သွေးကို ပုံမှန်စစ်ပေးရန် - ရေချဉ်ဖန်နှုန်း၊ အမိုးနီးယားနဲ့ နိုက်ထရိတ်ပမာဏကို ညှိပေးဖို့လိုပါတယ်။ အကျိုးပြုဘက်တီးရီးယား တွေဖောက်ဖွားစေတဲ့ အရာတွေကိုထည့်ပေးသင့်ပါကြောင်း ထည့်သွင်းဆွေးနွေးပေးလိုက်ရပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ - Source: aquascapes.com/winter-fish-care/#:~:text=Steps%20for%20Effective%20Winterizing%20Fish%20Care%201%201.,...%205%205.%20Regularly%20Monitor%20Water%20Quality%20 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
