cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
  • ၂၀၂၅ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။

    #တိကျမှန်ကန် 

    Su Su San 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် 

             မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    - ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊

    - ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ရေထုတ်ပြီးနောက် ကန်အောက်ခြေ နွံထုကို စစ်ဆေးပေးရန်နှင့် အကယ်၍ နွံထုထည်သည် ၈ လက်မထက်ကျော်နေပါက ဖယ်ထုတ်ပေးရန်၊

    - ကန်အောက်ခြေ နွံထုကို ၈ လက်မအထိသာထားရန်၊

    - ကန်အောက်ခြေနွံကို ဖယ်ထုတ်ပြီးပါက ပက်ကြားအက်သည်အထိ နေလှန်းထားရန်၊

    - နွံဖယ်ပြီးကန်တွင် ကန်အောက်ခြေနှင့် ကန်ဘေးပတ်ပတ်လည်အား တစ်ဧက ပိဿာ ၁၀၀ နှုန်းဖြင့် ထုံးဖြူးပေးရန်၊

    - အထက်ပါအဆင့်များဆောင်ရွက်ပြီး ၇ ရက်နေမှသာ ကန်ရေသွင်းခြင်းကို ဆောင်ရွက်ရန်၊

    -----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
2
comments
0
views
1837