မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။ - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - ရောဂါဖြစ်ကြောင်းအမျိုးမျိုးကြောင့် ကြက်သွန်ဥပုပ်ရောဂါအတွက် အခက်ကြုံနေတဲ့ တောင်သူများအတွက် …… - - ရောဂါလက္ခဏာများကို သေချာခွဲခြားသိရှိနိုင်ရန် အရေးကြီးပါတယ်။ - - ပုပ်တဲ့ လက္ခဏာက ကြက်သွန်ရဲ့အပေါ်ပိုင်း လည်တိုင်ကစပြီးပုပ်တာဆိုရင် တော့ ၂ မျိုးဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ပုပ်တာနဲ့ Botrytis မှို ကြောင့်ပုပ်တာပါ။ Botrytis မှို ကြောင့်ပုပ်တဲ့ဥ ဆိုရင်တော့ မှိုမျှင်တွေနဲ့ မှိုအလုံးတွေပါနေတာတွေ့ရနိုင်ပါတယ်။ - - ပုပ်တဲ့ လက္ခဏာက ကြက်သွန်ဥရဲ့ အောက်ခြေ အမြစ်ရှိတဲ့အပိုင်းက စပြီးပုပ်တာဆိုရင်တော့ ဖြူစေရီယမ် မှိုကြောင့်ပုပ်တာဆိုပြီး ခွဲခြားသိနိုင်ပါတယ်။ - ဥပုပ်ရောဂါကျရောက်ခဲ့ရင် - • နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံ မသုံးပါနဲ့။ - • စိုက်ပျိုးထားချိန်မှရိတ်သိမ်းချိန်အထိ ကြက်သွန်ဥကို မထိခိုက်စေရန်သတိပြုပါ။ - • ကြက်သွန်ဥများကို အပင်အပေါ်ပိုင်းအရွက်များအားလုံး ကျပြီးချိန်မှသာရိတ်သိမ်းပါ။ - • အေးမြခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသေနေရာတွင် သိုလှောင်ပါ။ - • ဓါတုဆေးသုံးစွဲခြင်းက ထိရောက်မှုနည်းတဲ့အတွက် စိုက်နည်းစနစ်များ သေချာစွာ လုပ်ဆောင်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။ - ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် - ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊ - - ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ရေထုတ်ပြီးနောက် ကန်အောက်ခြေ နွံထုကို စစ်ဆေးပေးရန်နှင့် အကယ်၍ နွံထုထည်သည် ၈ လက်မထက်ကျော်နေပါက ဖယ်ထုတ်ပေးရန်၊ - - ကန်အောက်ခြေ နွံထုကို ၈ လက်မအထိသာထားရန်၊ - - ကန်အောက်ခြေနွံကို ဖယ်ထုတ်ပြီးပါက ပက်ကြားအက်သည်အထိ နေလှန်းထားရန်၊ - - နွံဖယ်ပြီးကန်တွင် ကန်အောက်ခြေနှင့် ကန်ဘေးပတ်ပတ်လည်အား တစ်ဧက ပိဿာ ၁၀၀ နှုန်းဖြင့် ထုံးဖြူးပေးရန်၊ - - အထက်ပါအဆင့်များဆောင်ရွက်ပြီး ၇ ရက်နေမှသာ ကန်ရေသွင်းခြင်းကို ဆောင်ရွက်ရန်၊ - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
