ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။ - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - ရှမ်းပြည်နယ်အတွင်း အာလူးစိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - အာလူးပင်များမှာ စက်ပတိုးရီးယား (Septoria) ရွက်ပြောက်ရောဂါကျရောက်ခဲ့လျှင် - • ရောဂါကျ အရွက်များအား ဖယ်ရှားရှင်းလင်းပါ။ - • ပေါင်းမြတ်များအားဖယ်ရှားရှင်းလင်းပါ။ - • အပင်ပေါ်မှရေဖျန်းခြင်းများရှောင်ရှားပါ။ - • အပင်ခြေမြေကြီးကို ဖုံးအုတ်၍ ရောဂါပြန့်နှံ့မှုကိုကာကွယ်ပါ။ - • အာလူးခရမ်းချဉ်မျိုးရင်းဝင်းမဟုတ်သော အပင်များနှင့် သီးလှည့်စိုက်ပျိုးပါ။ - • ဓါတုဆေးများအနေနဲ့ Azoxystrobin + Difenoconazole / Trifloxystrobin + Tebuconazole ကိုအသုံးပြုနိုင်ပါတယ်။ - ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် - ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - ရာသီဥတု အရမ်းအေးနေ၍ အောက်ဆီဂျင်ပြတ်လပ်နိုင်တဲ့အတွက် ကန်ရေလှယ်ခြင်း၊ ရေဒလတ်လည် ပတ်ခြင်းနဲ့ ရေဖြန်းပေးခြင်းတွေကို ညဘက်နဲ့ မနက်စောစောတွင် ဆောင်ရွက်ရန်၊ - - ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးရောဂါများမဖြစ်အောင် ကြိုတင်ကာကွယ်ရန်၊ - - သဘာဝမြစ်ချောင်းများတွင်လည်း ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ အဆိုပါရေကို ငါးကန်အတွင်း ရေသွင်းရာတွင် ရောဂါပိုးများပါလာနိုင်တဲ့အတွက် ရေအရည်အသွေးကို စစ်ဆေးပြီးမှသာ သွင်းရန်၊ - - ငါးစာထဲတွင် ပဋိဇီဝဆေးများထည့်ကျွေးပေးရန်၊ - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
