cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ် ရရှိမှု အခြေအနေ

. All News
ထွက်ရှိသောမြေပဲများကို ကျောက်ပန်းတောင်းမြို့ နှင့်ထိစပ်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့လာရောက်ရောင်းချကြပါသည်။
  • မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာ စိုက်ပျိုးမှုရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို (၆၃၈၆၀)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၄၂.၁၉) တင်းနှုန်းဖြင့် တင်းပေါင်း(၂၆၉၄၅၅၁)တင်း ထွက်ရှိခဲ့ ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် (၁၈၄)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ(၄၆)တင်းဖြင့် တင်းပေါင်း(၈၄၆၄)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၅၈၂၇၁) ဧက ဖြစ်ပြီး မိုးရာသီကုန်အထိ (၆၅၈၉၀)ဧကစိုက်ပျိုးခဲ့ပြီး ရိတ်ဧက(၅၄၉၈၁)ဧက ရိတ်သိမ်းပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၅၂.၂၉)တင်းဖြင့် အထွက်တင်း စုစုပေါင်း(၂၈၇၄၇၉၂) တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲ စိုက်ပျိုးရန် လျာထားမှုမှာ(၃၁၉)ဧကရှိပြီး ယခုစိုက်ပျိုးပြီးစီးမှုမှာ(၁၈၅)ဧက ရှိပါသည်။ ထွက်ရှိသောမြေပဲများကို ကျောက်ပန်းတောင်းမြို့ နှင့်ထိစပ်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့လာရောက်ရောင်းချကြပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မြေပဲဆီဆံတစ်တင်းလျှင်(၈၂၅၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင်(၁၁၂၅၀၀) ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင်(၁၂၀၀၀၀)ကျပ်များဖြင့် ရောင်းချခဲ့ကြပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် ကာလတူလတွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင် (၁၃၀၅၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင်(၁၃၅၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ် ပေါ်လျက်ရှိပါသည်။

    ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှုကုန်ကျ စရိတ် အနေဖြင့်(၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း(၅၂.၂၉) တင်းနှုန်း ထွက် ရှိခဲ့ပါသည်။ ယခုမြေပဲတောင့်တစ်တင်းလျှင်(၄၀၀၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး၊ တစ်ဧကဝင်ငွေ (၂၀၉၀၆၀၀)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ(၁၁၅၁၆၀၀)ကျပ်ရရှိခဲ့သည်။ ဒေသထွက်မြေပဲများကို ယခင်က အခြားဒေသများသို့တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာဆီကြိတ်ခွဲသုံးစွဲမှုများ လာပါသည်။ တောင်သူအကျိုး အမြတ်ရရှိသော ဆီထွက်သီးနှံမြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌ သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများပေါများလာခြင်း၊ ဒေသတွင်း လုပ်သား များအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသောဆီများ စားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေသည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါသည်။

    Source: DOCA(မန္တလေး)

    ----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
9
comments
0
views
2013