cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
လက်ရှိဆိုးရွားစွာကျနေသော ဂုတ်ကျိုးရောဂါအတွက် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • ၂၀၂၅ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ

    ရန်ကုန်တိုင်းမှာ ရာသီဥတုကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်၊ မိုးရွာသွန်းနိုင်တဲ့ အလားအလာမရှိပါဘူး။

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    ·      လက်ရှိဆိုးရွားစွာကျနေသော ဂုတ်ကျိုးရောဂါအတွက် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။

    ·      ဂုတ်ကျိုးရောဂါက အရွက်၊ပင်စည်၊ရွက်ဖုံး၊အဆစ်၊ အနှံ အကုန်လုံးမှာ ကျရောက်တတ်ပါတယ်။

    ·      ရောဂါပြင်းထန်လွန်းရင် အမြစ်ထိကျရောက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။

    ·      အပူချိန်နိမ့်ပြီး စိုထိုင်းဆများတဲ့အခြေအနေ၊ ရေအကြာကြီးနစ်မြုပ်ပြီးပြန်ကျသွားတဲ့ အခြေအနေက ရောဂါကိုပိုပြီးအားပေးပါတယ်။

    ·      ဂုတ်ကျိုးရောဂါဆိုးရွားစွာကျရောက်ပါက နိုက်ထရိုဂျင်ယူရီးယားမြေဩဇာကို တစ်ချိန်တည်းအများကြီးမထည့်ပါနဲ့၊ အကြိမ်ရေခွဲထည့်ပေးပါ။

    ·      ဂုတ်ကျိုးကျဖူးသောစိုက်ခင်းတွင် စပါးရက် ၂၀ သားတွင် Tricyclazole 20 g/ 20 l နှုန်းထားနဲ့ တစ်ကြိမ်၊ ရောဂါစတင်တွေ့ရပါက Tricyclazole + Cyprodinil၊ ရောဂါပြန့်နှံ့လာပါက Isoprothiolane 20% တို့ကို အသုံးပြုနိုင်ပါတယ်။

    ·      ဂုတ်ကျိုးကျခဲ့ဖူးတဲ့အခင်းကမျိုးကို နောက်ရာသီမှာပြန်မစိုက်ပါနဲ့။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

                 ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    ဘက်တီးရီးယားများပေါက်ပွားချိန်ဖြစ်၍ ကန်အတွင်း ထုံးအိတ်များချိတ်ဆွဲရန်၊

    ကန်ရေအနက် ၃ ပုံတစ်ပုံခန့်အထိမြှပ်အောင် ထုံးအိတ်ကို ထားပေးရန်နဲ့ ထုံးအိတ် တစ်အိတ်လျှင် ထုံး ၃-၄ ကီလိုဂရမ်အထိထည့်ပြီး ကန်အရွယ်အထားပေါ်မူတည်၍ ထုံးအိတ်များချိတ်ဆွဲထားရန်၊

    ပဋိဇီဝများ၊ သတ္တုဓါတ်များပါသော အစာများ၊ ဗိုက်တာမင်စီနဲ့ အခြားဆေးဘက်ဝင်အပင်များကို အစာထဲထည့်ကျွေးရန်၊

    ရေအရည်အသွေးကို စစ်ဆေးပေးရန်နဲ့ ရေပိုးများရှိပါက ကာရီမတ်ဆေးသုံး၍ ရေကိုသန့်စင်ရန်၊

    ကန်ဖော်သင့်ချိန်ဖြစ်ပြီး ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ကန်အတွင်း အနယ်များကို ဖယ်ထုတ်၍ ပက်ကြားအက်သည်အထိ အခြောက်ခံထားရန်၊


  • article
likes
3
comments
0
views
1812