ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ - ရန်ကုန်တိုင်းမှာ ရာသီဥတုကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်၊ မိုးရွာသွန်းနိုင်တဲ့ အလားအလာမရှိပါဘူး။ - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ဘက်တီးရီးယားများပေါက်ပွားချိန်ဖြစ်၍ ကန်အတွင်း ထုံးအိတ်များချိတ်ဆွဲရန်၊
- ကန်ရေအနက် ၃ ပုံတစ်ပုံခန့်အထိမြှပ်အောင် ထုံးအိတ်ကို ထားပေးရန်နဲ့ ထုံးအိတ် တစ်အိတ်လျှင် ထုံး ၃-၄ ကီလိုဂရမ်အထိထည့်ပြီး ကန်အရွယ်အထားပေါ်မူတည်၍ ထုံးအိတ်များချိတ်ဆွဲထားရန်၊
- ပဋိဇီဝများ၊ သတ္တုဓါတ်များပါသော အစာများ၊ ဗိုက်တာမင်စီနဲ့ အခြားဆေးဘက်ဝင်အပင်များကို အစာထဲထည့်ကျွေးရန်၊
- ရေအရည်အသွေးကို စစ်ဆေးပေးရန်နဲ့ ရေပိုးများရှိပါက ကာရီမတ်ဆေးသုံး၍ ရေကိုသန့်စင်ရန်၊
- ကန်ဖော်သင့်ချိန်ဖြစ်ပြီး ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ကန်အတွင်း အနယ်များကို ဖယ်ထုတ်၍ ပက်ကြားအက်သည်အထိ အခြောက်ခံထားရန်၊
 - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
