ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ပဲခူးတိုင်းဒေသကြီးတွင် ၄၈နာရီအတွင်း နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပါတယ် - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲ စိုက်တောင်သူများထံသို့…. - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - နှစ်စဥ်နှစ်တိုင်း အဝါရောင်မိုဆေ့ဗိုင်းရပ်စ် (တောင်သူအခေါ် အဝါဖောက်ရောဂါ) စတင်တဲ့အခင်းများရှိပါက တစ်ကွင်းလုံးမှာ တစ်ပင်မြင်တာနဲ့ ဆွဲနုတ်ပစ်ပါ။ မနှမြောပါနဲ့။
- ဆွဲမနုတ်ပစ်ပဲ ဒီတိုင်းထားလိုက်ပါက အဝါရောင်မိုဆေ့ဗိုင်းရပ်စ်ရောဂါက စိုက်ခင်းတစ်ခင်းလုံးကိုပြန့်နှံ့သွားပြီး ပဲတောင့်တွင်းရှိ ပဲစေ့အရည်အသွေးကိုကျဆင်းစေနိုင်ပါတယ်။
- နောက်ရက်အပူချိန်ပြန်မြင့်လာပြီး စိုက်ခင်းစိုထိုင်းဆနည်းလာပါက ယင်ဖြူ ကျရောက်မှု ရှိ၊မရှိ သေချာကွင်းဆင်းစစ်ဆေးပေးပါ။
- ယင်ဖြူအတွက်အသုံးပြုနိုင်သောဓာတုဆေးများ- Cyantraniliprole, Dinotefuran, Pymetrozine+ Nintepyram
- ယင်ဖြူအတွက်ဆေးဖျန်းပြီး ၁ ပါတ်ကြာပါက - ပိုတက်စီယမ် (K)+ ငါးအမိုင်နိုတစ်ကြိမ်ဖျန်းပေးနိုင်ပါတယ်။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ- - - မနက်ပိုင်း နှင်းထူထူ ကျတက်တဲ့ကာလဖြစ်၍ အောက်ဆီဂျင်ပြတ်လပ်တာ ကြုံရနိုင်တဲ့အတွက် ရေကို လှည့်ပေးရန်၊ - - ရေဩဇာများလွန်းသောကန်များတွင် အောက်ဆီဂျင်ပြတ်လပ်နိုင်တဲ့အတွက် ရေဩဇာကို သာမန်အနေ ထားတွင်သာ ထားရှိရန်၊ - - ကန်ရေအရောင်ဟာ အစိမ်းရင့်အနေအထားမှ အစိမ်းနုရောင်အနေအထားတွင် ရေဩဇာထားရန်၊ - - ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ခုခံအားကောင်းစေရန် အစာထဲတွင် ဗိုက်တာမင်စီထည့်ကျွေးပေးရန်၊ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
