ဒန့်သလွန်သီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ
- ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ်/ မြေပြန့်ဒေသမရွေး ဖြစ်ထွန်းသဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်သောအပင်ဖြစ်သည်။ စိုက်ပျိုးမှုအနေဖြင့် အကိုင်း ကိုဖြတ်၍ တိုက်ရိုက် ဖြစ်စေ၊ အစေ့အားပျိုးထောင်၍ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။ အကိုင်းမှ စိုက်ပျိုးလျှင် ၂နှစ်အတွင်း အသီးသီးနိုင်ပါသည်။ မိသားစုစားသုံးရန်မှအပ စီးပွားဖြစ်စိုက်ပျိုးရာ ယခုအခါ ဈေးကွက် ဝင်သီးနှံ တစ်မျိုးဖြစ်လာခဲ့ပါသည်။ ဒန့်သလွန်ပင်သည် အစေ့မှစ၍ တစ်ပင်လုံး အစွမ်းထက်သောကြောင့် လူတို့သည် အစွမ်းအထက်ဆုံး ဆေးကောင်း တစ်လက်အဖြစ် မှီဝဲအသုံးပြုလျက်ရှိပါသည်။ - ယခုအခါ ဈေးကွက်ထဲသို့ အနည်းငယ်ရောက်ရှိလာနေပြီး ဖြစ်ပါသည်။ ယခုလက်ရှိဈေးကွက် အနေဖြင့် တန်းဝင် ဒန့်ဒလွန်သီး(၁)တောင့်လျှင် ငွေကျပ်(၅၀ဝိ/ မှ ၈၀ဝိ/)အထိ ဈေးကောင်းရနေပြီး ၊ ငပုတောမြိုနယ် ပြင်ခရိုင်၊ ဟိုင်ကြီးကျေးရွာ ခြံများမှ ထပ်ဆင့် ဝယ်ယူ၍ ရောင်းချနေကြောင်း သိရှိ ရပါသည်။ - DOCA(ဧရာဝတီ) မှ ကူးယူဖော်ပြပါသည်။ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
