cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
လက်ရှိနွေစပါးတွင်ကျရောက်မှုများနေတဲ့ စပါးဂုတ်ကျိုးရောဂါနဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ရပါတယ်။
  • ၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးမှာ မိုးရွာနိုင်တဲ့အလားအလာမရှိဘဲ ရာသီဥတု အေးမြကြည်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    ·      လက်ရှိနွေစပါးတွင်ကျရောက်မှုများနေတဲ့ စပါးဂုတ်ကျိုးရောဂါနဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ရပါတယ်။

    ·      ဂုတ်ကျိုးရောဂါက အရွက်၊ပင်စည်၊ရွက်ဖုံး၊အဆစ်၊ အနှံ အကုန်လုံးမှာကျရောက်တတ်ပါတယ်။

    ·      ရောဂါပြင်းထန်လွန်းရင် အမြစ်ထိကျရောက်နိုင်သောရောဂါဖြစ်ပါတယ်။

    ·      အပူချိန်နိမ့်ပြီး စိုထိုင်းဆများတဲ့အခြေအနေက ရောဂါကိုပိုပြီးအားပေးပါတယ်။

    ·      ရောဂါပြင်းထန်ပါက နိုက်ထရိုဂျင်ယူရီးယား(N) မြေဩဇာကို တစ်ချိန်တည်းအများကြီးမထည့်ပါနဲ့၊ အကြိမ်ရေခွဲထည့်ပေးပါ။

    ·      ဓာတုဆေးအနေနဲ့ ဂုတ်ကျိုးရောဂါကျခဲ့ဖူးသောစိုက်ခင်းဖြစ်ပါက စပါးရက်(၂၀)သားတွင် Tricyclazole ၂၀ ဂရမ်/၂၀ လီတာ နှုန်းထားနဲ့ တစ်ကြိမ်၊ ရောဂါစတင်တွေ့ရပါက Tricyclazole 10 % + Cyprodinil 10% ၂၀ စီစီ/ ၂၀ လီတာ၊ ရောဂါပြန့်နှံ့လာပါက Isoprothiolane 20% ၃၀ စီစီ/ ၂၀ လီတာနှုန်းနဲ့ ဖျန်းပေးနိုင်ပါတယ်။ (Dr.DaDa)

    ·      နောက်ရာသီ အဲ့ဒီစိုက်ခင်းကမျိုးကိုပြန်မစိုက်ပါနဲ့၊ စပါးသိမ်းရင် မြက်ခေါင်း၊ပင်ကြွင်းပင်ကျန်သေချာကောက်ပေးပါ။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

                 ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-

    ကန်ဖော်ပြီး ငါးကန်များအနေဖြင့် နွံထဲရှိ မှို၊ ဘက်တီးရီးယားနဲ့အခြားပိုးများသေစေရန် ပက်ကြားအက် သည်အထိ နေလှန်းထားရန်၊

    ကန်အောက်ခြေနွံထုကို ဖယ်ထုတ်ပေးရန်နဲ့ ဖယ်ထုတ်ပြီးပါက ထုံးဖြူးပေးရန်၊

    မျိုးငါးကန်များအနေဖြင့် မြေဩဇာကျွေးခြင်းကို ညနေပိုင်းကျွေးခြင်းထက် နံနက်ပိုင်းတွင်သာ ဆောင် ရွက်ရန်၊

    မျိုးငါးကန်များတွင် ကန်အောက်ခြေ ရေမနောက်အောင် ဆောင်ရွက်ရန်နဲ့ အစာကို နည်းနည်းနဲ့ အကြိမ်ရေများများကျွေးရန်၊

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
10
comments
0
views
1699