ဧရာဝတီတိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးမှာ မိုးရွာနိုင်တဲ့အလားအလာမရှိဘဲ ရာသီဥတု အေးမြကြည်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။ - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - ကန်ဖော်ပြီး ငါးကန်များအနေဖြင့် နွံထဲရှိ မှို၊ ဘက်တီးရီးယားနဲ့အခြားပိုးများသေစေရန် ပက်ကြားအက် သည်အထိ နေလှန်းထားရန်၊ - ကန်အောက်ခြေနွံထုကို ဖယ်ထုတ်ပေးရန်နဲ့ ဖယ်ထုတ်ပြီးပါက ထုံးဖြူးပေးရန်၊ - မျိုးငါးကန်များအနေဖြင့် မြေဩဇာကျွေးခြင်းကို ညနေပိုင်းကျွေးခြင်းထက် နံနက်ပိုင်းတွင်သာ ဆောင် ရွက်ရန်၊ - မျိုးငါးကန်များတွင် ကန်အောက်ခြေ ရေမနောက်အောင် ဆောင်ရွက်ရန်နဲ့ အစာကို နည်းနည်းနဲ့ အကြိမ်ရေများများကျွေးရန်၊ - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
