cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးဈေးကွက်ရှိ ဂျုံဈေးနှုန်း သုံးသပ်ချက်

. Market Analysis
မန္တလေးဈေးကွက်ရှိ ဂျုံ (မြင်းမူ) (မြောင်) ပိဿာ ၆၀ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ၂၁,ဝ၀၀ဝိ/-ကျပ်မှ ၂၂,ဝ၀၀ဝိ/-ကျပ်အထိ အသီးသီး ဈေးပေါက်နေပါတယ်။
  • ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ ဂျုံဈေးနှုန်းနှိုင်းယှဉ်ခြင်း

    ၂၀၂၄ ခုနှစ် နှစ်စမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ ဂျုံ (မြင်းမူ) (မြောင်) ပိဿာ ၆၀ ပျမ်းမျှဈေးနှုန်း များကို လေ့လာသော် ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျှမ်းမျှ ဈေးနှုန်းမှာ ၁၈၂,၅ဝဝိ/-ကျပ်၊ မတ်လတွင် ၁၇၉,၆၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁၄၉,၃၇၅ိ/-ကျပ်၊ မေလတွင် ၁၅၆,၅ဝ၀ိ/-ကျပ်၊ ဇွန်လတွင် ၁၉၄,၀၆၃/-ကျပ်၊ ဇူလိုင် လတွင် ၁၇၈,၄ဝ၀ိ/-ကျပ်၊ ဩဂုတ်လတွင် ၂ဝ၄,၀၅၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၂၁၁,၃ဝ၀ိ/-ကျပ်၊ အောက်တိုဘာလတွင် ၂၀၅,ဝဝ၀ိ/-ကျပ်၊ နိုဝင်ဘာလတွင် ၂ဝ၅,၇၅၀ိ/- ကျပ်၊ ဒီဇင်ဘာလတွင် ၂၁၄,ဝဝဝိ/- ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၂၁၅,ဝဝဝိ/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။

    ယခင်လ (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ)နဲ့ ယခုလ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ) နှိုင်းယှဉ်ချက်

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မန္တလေး ဈေးကွက်မှာရှိတဲ့ ဂျုံ (မြင်းမူ)(မြောင်) ပိဿာ၆၀ ပျမ်းမျှဈေးနှုန်းမှာ ယခင်လထက် ၁,ဝဝဝိ/-ကျပ် မြင့်တက် သွားတာကို တွေ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ အထွက်နည်းတဲ့အတွက် ဈေးကွက်သို့ ဝင်ရောက်မှုနည်းခြင်း၊ ဝယ်လိုအားမြင့်ခြင်းတို့ကြောင့် ဈေးမြင့်ရခြင်းဖြစ်ပါတယ်။

    သုံးသပ်ခန့်မှန်းချက်

    ခန့်မှန်းရမယ်ဆိုရင် ပျမ်းမျှဈေးနှုန်း ဆက်လက် မြင့်တက်နိုင်ပါတယ်ခင်ဗျာ။

    ဦးပြည့်ဖြိုးအာင်

    ထွက်တိုး


  • article
likes
3
comments
0
views
1413