ပြည်တွင်းပြောင်းစျေးမြင့်တက်လာ
- ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ပြီး အခွန်ကင်းလွှတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် ဝယ်လိုအားကောင်းနေတာကြောင့် ဇန်နဝါရီလကုန်ပိုင်းရက်များတွင် ပြည်တွင်းပြောင်းဈေးကွက် အနည်းငယ် မြင့်တက်လာကြောင်း ပြောင်းတင်ပို့သူများ ထံက သိရသည်။ - ပြည်တွင်း ပြောင်းဈေးကွက် မှာ ဇန်နဝါရီလဆန်းပိုင်းက ဈေး ကျဆင်းနေရာမှ ဇန်နဝါရီလကုန် ပိုင်းရက်များတွင် ပြောင်းတစ် ပိဿာလျှင် ငွေကျပ် ၁၆၉၀ (ရန်ကုန်)၊ ငွေကျပ် ၁၆၀၀ (မန္တလေး)၊ ငွေကျပ် ၁၅၅၀ (တောင်ကြီး) အသီးသီး ပေါက် ဈေးဖြစ်လာသည်။ - ထို့အပြင် ပို့ကုန်ရငွေအပေါ် အခွန်ကောက်ခံသည့် နှုန်းထား များကိုလည်း ပြင်ဆင်ကောက်ခံ ရာ ယခင်က ပြောင်းလဲလိုက် သည့် အခွန်မူဝါဒမှာ ပို့ကုန်ရငွေ ဒေါ်လာ ၃၅၀၀ ကျော်အပေါ်မှာ ကောက်ခံခြင်းကို ယခုအခါ ပို့ ကုန်ရငွေ ဒေါ်လာ ၂၁၀၀ အပေါ် တွင် ပြောင်းလဲကောက်ခံခြင်း ကြောင့် ပြည်တွင်းပြောင်းဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၀ ခန့် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။ - မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွှတ်ခွင့်ဖြင့် တင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ တင်ပို့နိုင်ရန် ရန်ကုန်သီလဝါဆိပ် ကမ်းတွင် ပြောင်းတင်သင်္ဘော လေးစီး ဆိုက်ကပ်ထားပြီး ပြောင်း တင်ပို့သူများအနေဖြင့် ဝယ်ယူမှု အားကောင်းနေတာကြောင့် လည်း ပြည်တွင်းပြောင်းဈေးမှာ မြင့်တက်လာသည်။ - ပြောင်းတင်ပို့မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၈)လ တာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၃၉၂ သန်း ရရှိထားပြီး ပြောင်းတန်ချိန် ၁ ဒသမ ၆၉ သန်း တင်ပို့နိုင်ခဲ့သည်။ - မြန်မာနိုင်ငံမှာ ပြောင်းကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက် နမ်နိုင်ငံသို့ ပင်လယ်ရေကြောင်း မှ အဓိကတင်ပို့သည်။ - မြန်မာနိုင်ငံတွင် ပြောင်းစိုက် ပျိုးမှုအနေဖြင့် ရှမ်းပြည်နယ်၊ ဧရာ၀တီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ တွင် အစေ့ထုတ်ပြောင်းနှင့် ဖူး စားပြောင်းများကို ဒေသအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရ သည်။ - ရွှေမန်း - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
