မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၁၀ရက်နေ့အထိ မိုးရွာနိုင်တဲ့ အလားအလာမရှိပဲ အေးမြကြည်လင်သာသာယာရှိနေစေမှာဖြစ်ပေမယ့် တစ်ခါတစ်ရံ လေထန်ခြင်းတွေ အနည်းငယ်ဖြစ်ပေါ်နိုင်သဖြင့် မီးဘေးအန္တရာယ်သတိပြုကြပါ။ - ISSUED TIME - 29/01/2025 9:37 (MMT) - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရမ်းချဉ်စိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - ခရမ်းချဉ်ပင်ညိုးပြဿနာ အဖြေရှာ - ခရမ်းချဉ်ပင်တွေ ရေသွင်းပြီးတော့ တချို့အပင်တွေညိုးနေတာတွေတွေ့ရတတ်ပါတယ်။ ခရမ်းချဉ်ပင်ရဲ့ အရွက်တွေက အဝါရောင်ပြောင်းပြီး ညိုးလာမယ်။ ပြီးရင်တစ်ပင်လုံးသေသွားနိုင်ပါတယ်။ ပင်စည်ကိုဖြတ်ပြီး ခွဲကြည့်လိုက်မယ်ဆိုရင်တော့ အစာရေကြောစီးတွေမှာ အနီညိုရောင် ပြောင်းနေတာတွေတွေ့ရနိုင်ပါတယ်။ အဲ့လိုပုံစံညိုးတာဆိုရင်တော့ ဖျူစေရီယမ်မှိုကြောင့် ပင်ညိုးရောဂါကျနေတာပါ။ - ဖျူစေရီယမ်ပင်ညိုးရောဂါလကာကွယ်နှိမ်နင်းဖို့ဆိုရင် - · စိုက်ခင်းကိုရေပြည့်လျှံအောင်သွင်းခြင်းကို ရှောင်ရှားပါ။ - · ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။ - · ခရမ်းချဉ်မျိုးရင်းဝင် မဟုတ်သော သီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။ - · စိုက်ခင်းသုံးကိရိယာများကိုသန့်ရှင်းရေးလုပ်ပါ။ စိုက်ခင်းသန့်ရှင်းရေးအထူးဂရုပြုပါ။ - · မြေချဉ်ငန်ကိန်းကို ၆-၇ ကြားရှိအောင်ညှိပေးပါ။ - · မြစ်ဖုနီမတုတ်ကျရောက်မှုကြောင့်လဲ ပင်ညိုးရောဂါကျရောက်မှုကိုအားပေးနိုင်ပါတယ်။ - · ဖျူစေရီယမ်မှိုကြောင့် ပင်ညိုးရောဂါကျရောက်ခဲ့ရင်တော့ ဓါတုဆေးနဲ့နှိမ်နင်းဖို့အတွက် ခက်ခဲပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - မျိုးငါးမွေးတဲ့ ငါးကန်တွေအနေနဲ့ သက်တမ်းတူငါးမျိုးများကိုသာ တစ်ကန်တည်း တူတူမွေးရန်၊ - - မျိုးငါးမွေးမြူရာတွင် ငါးမျိုးစိတ်တစ်ခုထဲကိုသာ တစ်ကန်ထဲအတူမွေးရန်၊ - - အစာကိုနည်းနည်းနဲ့ အကြိမ်ရေများများကျွေးရန်၊ - - ကန်ရေကိုလှည့်ပေးရန်၊ - - မျိုးငါးကန်များအနေဖြင့် အစာအကြွင်းအကျန်များ ကန်ခြေမစုပုံမိစေရန်၊ - - အမိုးနီးယားဓါတ်အဆိပ်တောက်မဖြစ်စေရန် ကန်အောက်ခြေရှိ အနယ်အနစ်များကို ဖယ်ရှားရန်၊ - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
