cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကန်ဖော်ပြီး ငါးတွေကို စနစ်တကျသယ်ကြရအောင်...

. Fish Articles
ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့အနေနဲ့ ငါးကန်ဖော်ပြီးရလာတဲ့ ငါးတွေကို စနစ်တကျ ဘယ်လိုပြုစု ကိုင်တယ်မလဲဆိုတာကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
  • ကျွန်တော်တို့ အားလုံးသိပြီးဖြစ်တဲ့ ငါးထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးမှာ ငါးကန်ဖော်တဲ့အဆင့်နဲ့ ထုပ်ပိုးတဲ့အဆင့်ကြားမှာရှိတဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေဟာ စနစ်တကျရှိဖို့လိုပါတယ်။ ဒါမှလည်း ကောင်း မွန်တဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်လာမှာပါ။ ငါးကန်ဖော်တဲ့အဆင့်ကနေ ထုပ်ပိုးတဲ့အဆင့်မှာ ဓါတု ပစ္စည်းတွေနဲ့ အခြားအန္တရာယ်ဖြစ်စေတဲ့အရာတွေ မထိတွေ့စေဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ အရေး ကြီးတာက အချိန်နဲ့ အပူချိန်ပါ။ ဒီနှစ်ခုကို စီမံခန့်ခွဲနိုင်ရင်တော့ ငါးအရည်အသွေးကောင်းမွန်ပြီး ရောပါပိုးတွေ ကပ်ပါဖောက်ပွားမှုကိုလည်း ထိန်းချုပ်နိုင်မှာပါ။ ဒါကြောင့်မို့ အောက်ပါအချက်တွေ လုပ်သင့်ပါတယ်-

    • အလေ့အလွင့် စွန့်ပစ်ပစ္စည်းတွေကို သီးသန့်ထားဖို့ နေရာတစ်ခုဖန်တီးထားရန်၊

    • လုပ်ငန်းခွင် အလေအလွင့်တွေကို ချက်ချင်း စုကောက်ပြီး ခွဲထားရန်၊

    • သုံးတဲ့ ဓါတုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေဟာ ခွင့်ပြုချက်ရှိပြီးသား အမျိုးအစားတွေကိုသာ သုံးရန်၊

    • သုံးတဲ့ ပစ္စည်း၊ ကိရိယာ တန်ဆာပလာတွေကို သန့်စင်ရန်နဲ့ သန့်ပြီးသားတွေကိုသာ သုံးရန်၊

    • သုံးတဲ့ ပစ္စည်းတွေကိုလည်း စနစ်တကျနဲ့ သီးသန့် သန့်ရှင်းစွာ ထားရှိရန်၊

    • ကန်ဖော်ရာမှာလည်း ရောဂါကျရောက်မှုမရှိတဲ့ ငါးတွေကိုသာ ဖမ်းယူရန်၊

    • ပြဒါးဓါတ်ပါဝင်မှုရှိမရှိကိုလည်း ကြိုစစ်ပေးရန်၊

    • ကန်ဖော်ပြီးငါးတွေကို သန့်စင်ပေးရန်၊

    • ကန်ဖော်ပြီး အရွယ်အစားခွဲတာ၊ အလေးချိန်တာ၊ ရေဆေးတာကအစာ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ရန်၊

    • သားသတ်ပြီးငါးတွေကို ရေခဲမှတ်အပူချိန်တွင် ထားရှိရန်၊

    သိုလှောင်ခြင်း

    သိုလှောင်သယ်ယူရာမှာ သားသတ်ပြီးငါးတွေကို သန့်သန့်ရှင်းရှင်းနဲ့ သယ်ပေးဖို့လိုပါတယ်။ ရေခဲမှတ် အပူချိန်အထိ ထားပေတာ၊ ရေခဲတစ်ထပ် ငါးတစ်ထပ်ဖြင့် အလွှာအလွှာထပ်ပြီး ထားပေးရင် ကောင်းပါတယ်။ နောက်တစ်ခုက အအေးခန်းနဲ့ ဆန့်နိုင်မယ့် ပမာဏကိုသာ ထည့်သင့်ပါတယ်။

    သယ်ယူခြင်း

    ငါးတွေကို သားသတ်ပြီးသယ်တာရယ်၊ အရှင်လိုက်သယ်တာရယ် လုပ်ကြပါတယ်။ အရှင်လိုက် သယ်မယ်ဆိုရင်တော့ အပူချိန်ကိုထိန်းပေးဖို့လိုသလို ရေအရည်သွေးကို စစ်ပေးဖို့လိုပါတယ်။ ဒါအပြင် အောက်ပါအချက်တွေကို ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်-

    • သယ်မယ့်ငါးအရွယ်အစားနဲ့ ငါးမျိုးစိတ်၊ အရည်အတွက်ကို ချိန်ဆပြီး ထည့်သယ်ရန်၊

    • သယ်လာမယ့် ငါးတွေရဲ့ အသက်၊ ကျန်းမာရေးကို ကောင်းမွန်စေမယ့် အနေအထားဖြစ်ရန်၊

    • သယ်မယ့်ငါးတွေကို ၂၄ နာရီ အစာကြိုဖြတ်ထားရန်၊

    • ရေအပူချိန်တဖြည်းဖြည်းကျစေဖို့နဲ့ ငါးတွေ စိတ်ဖိစီးမှုလျော့စေဖို့ ရေထဲကို ရေခဲထည့် ပေးရန်၊

    • ငါးတွေကို အနာတရမဖြစ်အောင် ထုပ်ပိုးသယ်ဆောင်ရန်၊

    • အပူချိန်၊ ပျော်ဝင်အောက်ဆီဂျင်နဲ့ ရေအရည်အသွေး အတက်အကျ မမြန်ဖို့ ထိန်းပေးရန်၊

    • ငါးအရှင်လိုက်သယ်ယူစဉ်လမ်း၌ ခုန်ထွက်မသွားစေရန် ထည့်တဲ့ပစ္စည်းတွေကို သင့်လျော် သလိုဖုံးပေးထားရန်၊

    သယ်ယူရာမှာ ရေနဲ့ရေခဲအသုံးပြုခြင်း

    သယ်ယူရာမှာ သုံးတဲ့ ရေနဲ့ရေခဲဟာ သန့်နေဖို့လိုပါတယ်။ ပြီးတော့ လိုသလောက်ဘဲထည့်ပေးသင့်ပါ တယ်။ သုံးပြီးသားတွေကိုလည်း ပြန်မသုံးသင့်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ သယ်ယူရာမှာ သုံးတဲ့ရေကို ရေစစ်နဲ့စစ်ပြီးမှ သုံးပေးရင်လည်း ကောင်းမွန်းပါကြောင်း ဆွေးနွေးဖော်ပြပေးလိုက်ရပါတယ်။ ကျေးဇူး တင်ပါတယ်ခင်ဗျာ။

    Source: AfieldguidetoGoodAquaculturePractices-MYSAP2021.pdf

    --------------------------------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
4
comments
0
views
1929