ငရုတ်မှည့်ပြောက်စွန်းရောဂါ
. Diseases
တောင်သူဦးကြီးများ ငရုတ်သီးနှံစိုက်ပျိုးတဲ့အခါမှာ ကြုံတွေ့နေရသောရောဂါများထဲမှ အထွက်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ကျရောက်စေနိုင်သော မှည့်ပြောက်စွန်းရောဂါကိုသတိပြုစေချင်ပါတယ်။
- ရောဂါလက္ခဏာတွေကတော့ ငရုတ်သီးတောင့်၊ အရွက် နှင့် ပင်စည်တွေမှာ - အနာချိုင့်ကွက်ပုံစံ အမဲစက်လေးတွေနဲ့အရစ်တွေ၊
- အကိုင်းတွေကတော့ ညိုးပြီး ခြောက်သွားတာတွေ၊
- အပင်ငယ်အဆင့်မှာ ခါးရိပြီးသေတာနဲ့
- အပင်မပေါက်မီမှာ သေသွားတာမျိုးတွေ တွေ့ရနိုင်ပါတယ်။
 - ငရုတ်မှည့်ပြောက်စွန်းရောဂါကာကွယ်နှိမ်နင်းဖို့အတွက် - မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးပါ
- ပလပ်စတစ်နှင့် အပင်ခြေမြေကြီးကို ဖုံးအုတ်စိုက်ပျိုးပါ
- စိုက်ခင်းအား ပိုးမွှားရောဂါကျရောက်မှုအခြေနေအား ပုံမှန်စစ်ဆေးပါ
- ရောဂါကျ အပင်အစိတ်ပိုင်းကို ညှပ်ထုတ်ဖယ်ရှားပါ
- စိုးစိုးရွားရွားရောဂါကျနေသောအပင်ကို နှုတ်ယူဖျက်စီးပါ
- လက်ခံပင်မဟုတ်သောသီးနှံနှင့် ၂-၃ နှစ်လောက် သီးလှည့်စိုက်ပျိုးပါ
- Propiconazole, Hexaconazole, Chlorothalonil, Thiophanate-methyl စတဲ့မှိုသတ်ဆေးများအသုံးပြု နိုင်ပါတယ်။
 - ထွက်တိုး - ---- 
 
 
 
 
11
0
3307

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
