ဗောက်သီးများ စတင်ရောင်းချလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် ဗောက်သီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် ဗောက်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
ဗောက်သီးသည် ပူဖောင်းလိုအခွံတွေကာရံထားကာ အတွင်းထဲက အဝါရောင်စိုစို အသီးလေးဖြစ်ပြီး အရသာမှာချိုချိုချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းစေပါသည်။ ဗောက်သီးသည် အရည်ရွှမ်းသောကြောင့် အရသာကောင်းမွန်၍ လူကြိုက်များပြီး သရေစာအဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံအပတ်အတွင်း ရောင်းချနေ သောဗောက်သီးဈေးနှုန်းမှာ ဗောက်သီး(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်နှင့် ဗောက်သီး(၂၅)ကျပ် သားလျှင်(၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက် ရှိသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
Source: Department of Consumer Affairs
✦✦✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


NewsFeed
Communities
Explore
Inbox
Me
Market Price