‘အစာလည်းဆေး၊ ဆေးလည်းအစာ’
- အစားကောင်းကြိုက်တဲ့ Foodie တို့အနေနဲ့ အသက်ရှည်ကျန်းမာဖို့ Foodie တို့နေ့စဥ်စားနေကြတဲ့အထဲက ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ Superfood တွေအကြောင်း ဝေမျှပေးလိုက်ပါတယ်နော်။ - ၁။ ပန်းဂေါ်ဖီစိမ်း - အထူးသဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ တစ်ပတ်ကို အနည်းငယ်စားပေးရုံနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ - ၂။ မုန်လာဥနီ - မုန်လာဥနီကို သရေစာလိုပဲဖြစ်ဖြစ်၊ ဟင်းထည့်ချက်တာပဲဖြစ်ဖြစ် တစ်ပတ်မှာ အနည်းငယ်စားပေးရုံနဲ့ တချို့ ကင်ဆာအမျိုးအစားဖြစ်နိုင်ခြေတွေကို ကျဆင်းစေပါတယ်။ - ၃။ ပဲအမျိုးမျိုး - အမျှင်ဓာတ်အများကြီးပါတဲ့ ပဲတွေက အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တာမလို့ တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ စားကိုစားပေးသင့်ပါတယ်။ - ၄။ ဘယ်ရီသီး - တစ်နေ့မှာ ဘယ်ရီသီး ၁ လုံး ဒါမှမဟုတ် ၂ လုံးစားပေးတာက ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးပါတယ်နော်။ - ၅။ သစ်ကြံပိုးခေါက် - တစ်နေ့ကို သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်းဝက်လောက် စားသုံးပေးရုံနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးတင်းသကြားဓာတ်လျော့ကျစေတာနဲ့ ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။ - ၆။ အခွံမာသီးများ - အဓိကအားဖြင့် ရင်သားကင်ဆာဆဲလ်တွေနဲ့ အကြိတ်တွေကို ၆၀ ရာခိုင်နှုန်းလောက်လျော့ကျစေပါတယ်။ အခွံမာသီးတွေကို နေ့တိုင်းစားသုံးဖို့တော့ လိုပါတယ်နော်။ - ၇။ သံလွင်ဆီ - တခြားဆီတွေသုံးမယ့်အစား ဟင်းချက်တဲ့အခါ သံလွင်ဆီကို သုံးပေးရုံနဲ့ ကင်ဆာရောဂါကို လျှော့ချပေးပါတယ်နော်။ - ၈။ နနွင်း - တစ်နေ့ကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ဇွန်းဝက်စားပေးခြင်းက အူမကြီးဆင်ကာပျံ့နှံ့မှုကို ကာကွယ်ပေးပါတယ်။ - ၉။ အချဥ်ဓာတ်ပါသော အသီးအနှံများ - သံပုရာသီး၊ စပျစ်သီး၊ လိမ္မော်သီးစတဲ့ အသီးတွေကို တစ်ပတ်မှာ ၃ ကြိမ်စားပေးတာနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ - ၁၀။ ခရမ်းချဉ်သီး - တစ်နေ့တာမှာ ခရမ်းချဉ်သီးများများစားပေးခြင်းက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။ - အပေါ်မှာ မျှဝေခဲ့တာတွေဟာ လက်တလော လေ့လာစမ်းသပ်ချက်တွေအရ နောက်ဆုံးတွေ့ရှိခဲ့တာတွေဖြစ်ပါတယ်။ နောက်ထပ် အသစ်အသစ်သော လေ့လာတွေ့ရှိချက်တွေ ထွက်လာရင်လည်း ထပ်ပြီး မျှဝေပေးဦးမှာမလို့ ဒီလိုဆောင်းပါးတွေကို သဘောကျတယ်ဆိုရင်တော့ Like & Share လုပ်ပေးပြီး Good လို့ မန့်သွားပေးပါဦး။ - ကျန်းမာရေးနဲ့ကိုက်ညီတာတွေစားပြီး ကင်ဆာရောဂါကို ကာကွယ်ကြမယ်နော်။ - Ref/ Healthline - ✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
