ဆောင်းမြေပဲရိတ်သိမ်းချိန် ဈေးကောင်းရနေ
- ဧရာ၀တီမြစ်အတွင်း မြေနု ကျွန်းကျေးရွာများတွင် အဓိက စိုက်ပျိုးသည့် ဆောင်းမြေပဲများကို စက်တင်ဘာလကုန်ပိုင်းက စတင် စိုက်ပျိုးရာ ဇန်နဝါရီလကုန်ပိုင်း တွင်စတင် ရိတ်သိမ်းနေပြီဖြစ် ကြောင်း၊ ယခုနှစ် ဆောင်းစိုက် မြေပဲမှာ တစ်ဧကအထွက်နှုန်း မြေပဲတင်း ၅၅-၆၀ ခန့်ထွက်ရှိ ကြောင်း၊ လက်ရှိ မြေပဲဆန်တစ် ပိဿာ ငွေကျပ် ၈၆၀၀ခန့် ပေါက် ဈေးရှိသောကြောင့် တစ်ဧကငွေ ကျပ် ၁၀သိန်းခန့် အကျိုးအမြတ် ရရှိကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်းကျေးရွာမှ မြေပဲစိုက် တောင်သူ ဦးခင်မောင်ရင်က ပြောသည်။ - `` ဆောင်းမြေပဲများစတင် ရိတ်သိမ်းနေပါပြီ တစ်ဧကမြေပဲ တင်း ၅၅-၆၀ လောက်တော့ ထွက်ရှိပါတယ်။ အစေ့အဆန် လည်းအောင်ကြပါတယ်။ မကွေး အထွက်တိုးနီမျိုးကို စိုက်ပျိုးပါ တယ်။ တစ်ဧကစိုက်ပျိုးစရိတ် ငွေကျပ်လေးသိန်းလောက် ကုန် ပါတယ်။ လက်ရှိ ပေါက်ဈေးက မြေပဲဆန် တစ်ပိဿာ ငွေကျပ် ၈၆၀၀ ပေါက်ဈေးနဲ့ တွက်ရင်ငွေ ကျပ် ၁၀ သိန်းလောက်တော့ အမြတ် ကျန်ပါတယ်။ ဒီနှစ်က ကန်စွန်းဥက ဈေးအကောင်းဆုံးဖြစ် တော့ တောင်သူတွေ အဆင်ပြေ သလို မြေပဲဆန်ကလည်းအထွက် နှုန်းကောင်းတော့ တောင်သူတွေ အဆင်ပြေပါတယ်´´ ဟု ၎င်းက ပြောသည်။ - ဧရာ၀တီမြစ်အတွင်းရှိ မြေနုကျွန်းကျေးရွာများတွင် ယခု နှစ် ကန်စွန်းဥနှင့် ဆောင်းမြေပဲကို အဓိကစိုက်ပျိုးကြပြီး ကန်စွန်းဥ မှာ ယခုနှစ်ဈေးကောင်းရရှိကြရာ တစ်ဧက ငွေကျပ် သိန်း ၄၀-၅၀ ခန့် အကျိုးအမြတ်ရရှိသလို ဒုတိယသီးနှံဆောင်းမြေပဲမှာလည်း အထွက်နှုန်းနှင့် ဈေးကောင်းရရှိ သောကြောင့် မြေပဲတစ်ဧကလျှင် ငွေကျပ် ၁၀သိန်းခန့် အကျိုး အမြတ်ရရှိကြကြောင်း သိရသည်။ - ရွှေမန်း - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
