ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံစမ်းမယ်_ ၁၅
- စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲ ခြင်း များကြောင့် ဖြစ်ပွားနိုင်သော၊ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယို အဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။ ဒီ ဗီဒီယိုကို လေ့လာခြင်းအားဖြင့် စပါးစွမ်းအားမြှင့် စိုက်ပျိုးနည်းစနစ် (SRI) ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု လျော့ချပြီး လိုအပ်သောအရင်းအမြစ်များကို အနည်းဆုံးအသုံးပြုကာ အထွက်နှုန်းတိုးစေရန် ရည်ရွယ်သည့် ဆန်းသစ်သောစိုက်ပျိုးနည်းစနစ် အကြောင်း ကို လေ့လာနိုင်မည်ဖြစ်ပါသည်။ လေ့လာပြီးပါက ဉာဏ်စမ်း ပဟေဠိကို ဝင်ရောက်ဖြေဆိုခြင်းဖြင့် ဖုန်းဘေများကံထူးနိုင်ပါပြီ။ - ဉာဏ်စမ်း ပဟေဠိ မေးခွန်း - ------------------------ - စပါးစွမ်းအားမြှင့် စိုက်ပျိုးနည်းစနစ်တွင် ၈-၁၂ ရက်သက်တမ်းရှိသော ပျိုးပင်များကို အသုံးပြုရပါမည်။ ပျိုးပင်သက်တမ်း .....ရက်ထပ်ပိုမကြီးသင့်ပါ။ - (က) ၁၂ - (ခ) ၁၃ - (ဂ) ၁၄ - ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၅) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။ - ဉာဏ်စမ်း ပဟေဠိ ဖြေဆိုရာတွင် အောက်ဖော်ပြပါ လျှောက်ထားလွှာကို နှိပ်၍ ဝင်ရောက်ဖြေဆိုနိုင်သလို ကော့မန့်တွင်လဲဝင်ရောက်ဖြေဆိုနိုင်ပါပြီနော်။ - အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထွက်တိုးမှ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။ - ဗီဒီယို အပြည့်အစုံကို ယူကျူ့တွင် ကြည့်ရှုရန် _ https://youtu.be/nLFjCEbQCg8 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
