“ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၁၃,၁၄)”
- စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။ - (၁၃) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ - - ပြောင်းလဲသောရာသီဥတုနှင့်ကိုက်ညီသောစိုက်နည်းစနစ်များသည် စိုက်ဧက များစွာပိုင်ဆိုင်သော သူများသာမက ၁၀ဧက အောက်ပိုင်ဆိုင်သောလုပ်ကွက်ငယ်တောင်သူများပါ အသုံးချနိုင်သော ဘက်စုံသုံးနည်းလမ်း တစ်ခုဖြစ်သည်။ ထို့ကြောင့် အဖြေမှန်မှာ (ခ)မှား ဖြစ်သည်။ - (၁၄) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ - - စပါးစိုက်ပျိုးရာတွင် စိုတစ်လှည့်ခြောက်တစ်လှည့် ရေသွင်းစနစ်အသုံးပြုခြင်းဖြင့် ရေကို ၁၅-၃၅ရာခိုင်နှုန်းအထိလျော့ချပေးနိုင်ပါသည်။ reason: Alternate Wetting and Drying (AWD) ရေသွင်းစနစ်ဆိုသည်မှာ စပါးစိုက်ပျိုးရာတွင် အသုံးပြုသည့် ရေကို ချွေတာသည့် နည်းလမ်းဖြစ်ပြီး အကျိုးကျေးဇူးများစွာ ပေးဆောင်သည်။ - ရေထိန်းသိမ်းခြင်း- AWD သည် သမရိုးရိုးကျရေသွင်းစနစ် ဖြင့် နှိုင်းယှဉ်ပါက ရေအသုံးပြုမှုကို 15-35% လျှော့ချနိုင်သည်။ အထူးသဖြင့် ရေရှားပါးမှု ရင်ဆိုင်နေရသော ဒေသများတွင် ဤအချက်သည် အထူးအရေးကြီးပါသည်။ - ထို့ကြောင့် အဖြေမှန်မှာ (က)၁၅-၃၅ ဖြစ်သည်။ - ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။ - ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ - ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။ 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
