cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်း မိုးလေဝသခန့်မှန်းချက်နှင့် ကုလားပဲအတွက် အကြံပြုချက်

. Weather News
မကွေးတိုင်းဒေသကြီးတွင် ၂၀၂၅ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၃ရက်နေ့အတွင်း နေ့အပူချိန်များမြင့်တက်လာနိုင်ပါတယ်။
  • မကွေးတိုင်းဒေသကြီးတွင် ၂၀၂၅ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၃ရက်နေ့အတွင်း နေ့အပူချိန်များမြင့်တက်လာနိုင်ပါတယ်။ မိုးရွာသွန်းနိုင်တဲ့အခြေအနေမရှိပါဘူး။

    ISSUED TIME

    01/02/2025 5:41pm(MMT)

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

    မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    ကုလားပဲအထွက်နှုန်းတိုးစေရန်

    • မစိုက်ပျိုးမီ ကုလားပဲမျိုးစေ့များကို အကျိုးပြုအဏုဇီဝသက်ရှိများဖြစ်သည့် ရိုင်ဇိုဘီယံ (Rhizobium)၊ ဖော့စပေါရပ်ကို အပင်စားသုံးနိုင်ရန်ပြုလုပ်ပေးသော ဘက်တီးရီယား (Phosphorus solubilizing bacteria) များနှင့် လူးနယ်စိုက်ပျိုးပါ။

    • စိုက်ပျိုးမည့်ဒေသနှင့် ကိုက်ညီသော မျိုးများကိုရွေးချယ်စိုက်ပျိုးပါ။

    • ရေသွင်းရေထုတ်ကောင်းမွန်ပြီး နှုန်းဆန်သောမြေတွင်စိုက်ပျိုးပါ။ မြေချဉ်ငံကိန်း ၆-၇.၅ အတွင်းချိန်ညှိပါ။

    • အများလိုအဟာရအနေနှင့် ဖော့စပေါရပ်(P) မြေသြဇာနှင့် အနည်းလိုအဟာရဓါတ်ဖြစ်သော ဆာလဖာ(S)၊ ဇင့်(Zn)၊ ဘိုရွန်(B)၊ မိုလပ်ဒီနမ်(Mo) စသောအဟာရဓါတ်များပါသော ရွက်ဖျန်းအားဆေးများ အဓိကအသုံးပြုပါ။

    • ကုလားပဲသီးလုံးဖောက်ပိုး အထူးဂရုပြုစစ်ဆေးပါ တွေ့ရှိပါက တမာပိုးသတ်ဆေး နှင့် Emamectin Benzoate, Chlorantraniliprole စသောပိုးသတ်ဆေးများအသုံးပြုပါ။

    • ဖျူစေရီယမ် ပင်ညိုး ရောဂါစတင်တွေ့ရှိပါက အပင်များကို Pyraclostrobin ဖျန်း၍ မြေပေါ်သို့ Hymexazol ဖျန်း၍ ကာကွယ်နိုင်ပါတယ်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    - သက်တမ်းတို ငါးမျိုးများသာရွေးရန်၊

    - ရောဂါပေါက်ပွားချိန်ဖြစ်၍ ဒေသနဲ့ကိုက်ညီတဲ့ ရောဂါဒဏ်ခံနိုင်တဲ့ ငါးမျိုးများကိုသာရွေးချယ်ရန်၊

    - မျိုးငါးကန်များအနေဖြင့် ရေအရည်သွေးကို စစ်ဆေးပေးရန်၊

    - ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ကန်အောက်ခြေနွံအထူကို ၈ လက်မထက် မကျော်စေရန်၊

    - ကန်သန့်ရှင်းရေးဆောင်ရွက်ပြီး ထုံးဖြူးပေးရန်၊

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
0
views
2066