cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကော်ဖီသီးများ အရောင်းအဝယ်ဖြစ်နေ

. Market News
ဈေးကွက်အတွင်း ကော်ဖီသီးများ အရောင်းအဝယ်ဖြစ်နေကြောင်း ကော်ဖီစိုက် တောင်သူများထံမှ သိရသည်။
  • လက်ရှိတွင် ကော်ဖီသီးများ ရင့်မှည်ပြီဖြစ်၍ စတင်ဆွတ်ခူးနေပြီဖြစ်ပြီး ကော်ဖီသီးများကို ကျေးရွာများအထိ အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

    “တချို့ ကော်ဖီခြံတွေမှာ ရင့်မှည့်လို့ ခူးနေကြပြီ ကော်ဖီသီးတွေ စျေးကောင်းရရှိလို့ တချို့ လှောင်ပြီး အခြောက်လှန်းဖို့ ဝယ်ကြတာ။ ကော်ဖီသီးတွေ ဈေးကောင်းရရှိလာတယ်လို့ပြောရမယ်” ဟု ကရင် ပြည်နယ် သံတောင်မြို့ မှ ကော်ဖီစိုက်တောင်သူတစ်ဦး ပြောသည်။

    လက်ရှိ ကော်ဖီသီး တစ်ပုံလျှင် ၆၀၀၀၀ ကျပ်အထိ ဈေးကောင်းရနေကြောင်း သံတောင်မြို့ မှ ကော်ဖီစိုက်တောင်သူများထံမှ သိရပါသည်။ အဆိုပါကော်ဖီသီးများကို အခြောက်လှန်း၍ သော်လည်းကောင်း၊ အမှုန့် ကြိတ်၍သော်လည်းကောင်း သိုလှောင်ကာ ပြည်ပနှင့် ပြည်တွင်း စျေးကွက်သို့ ဖြန့်ဖြူးလျက်ရှိ ကြောင်း သိရသည်။

    “ရွာငံကော်ဖီကတော့ ရာသီအစမှာ တစ်ပြည်ကို ငါးထောင်ကနေ ခြောက်ထောင်ထိ တက် သွားတယ်။ အခုတစ်ပြည်ကို ၇ထောင် အထိ တက်သွားတယ်၊ ရှမ်းပြည်မှာ ရွာငံ ကော်ဖီ စျေး အကောင်းဆုံးပဲ ” ဟု ရှမ်းပြည်နယ် ရွာငံမှ ကော်ဖီစိုက်သူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ ကော်ဖီအသင်း အနေဖြင့်မြန်မာနိုင်ငံကို ကော်ဖီ အမြောက်အများ တင်ပို့သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလာစေရန်အတွက် စီမံချက် ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် (၁) နှစ်လျှင်ကော်ဖီတန်ချိန် (၉ဝဝဝ) ကျော်ထွက်ရှိပြီး ပြည်ပသို့ နှစ်စဉ်တန်ချိန် (၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

    မြန်မာ့ကော်ဖီအား မေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံများကို အဓိက တင်ပို့ရောင်းချလျက်ရှိပြီး ဂျပန်၊ တောင်ကိုရီးယားနှင့် ကနေဒါ၊ ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများအား တင်ပို့ရောင်းချလျက် ရှိ ကြောင်းလည်း သိရသည်။ မြန်မာ့ကော်ဖီကို ရွာငံ၊ ဟိုပုံး၊ နောင်ချို ၊ ပြင်ဦးလွင်၊ မိုးကုတ်မြို့၊ ကရင်ပြည်နယ် တို့တွင် အဓိက စိုက်ပျိုးလျက်ရှိပြီး တစ်နှစ်လျှင် ပြည်တွင်း၌ ကော်ဖီစေ့တန်ချိန် ၄၀၀၀ မှ ၆၀၀၀ အထိ ထွက်ရှိ ကြောင်းသိရသည်။

    ဖိုးချဲ(AMIA)


  • article
likes
3
comments
0
views
1327