cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အရည်သွေးကောင်းတဲ့ မျိုးစေ့တွေအသုံးပြုပြီး အထွက်နှုန်းတိုးတက်ကြပါစို့

. Seed Selection/Variety Selection
အရည်သွေးကောင်းမွန်တဲ့ သီးနှံမျိုးစေ့များကို စိုက်ပျိုးခြင်းအားဖြင့် မျိုးစေ့သုံးစွဲမှုပမာဏနည်းစေကာ ကုန်ကျစရိတ်သက်သာစေပါတယ်။ ပိုးမွှားရောဂါကျရောက်မှုနည်းတာကြောင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုမှု အကြိမ်အရေအတွက် နည်းပါးစေပါတယ်။
  • တောင်သူကြီးများအားလုံး သီးနှံအထွက်နှုန်းတိုးတက်စေဖို့နဲ့ အမြတ်အများဆုံးရစေဖို့အတွက် အဓိကအကျဆုံး စဉ်းစားသင့်တဲ့ အချက်တစ်ချက်ကတော့ အရည်သွေးကောင်းတဲ့ မျိုးစေ့အသုံးပြုခြင်း ဖြစ်ပါတယ်။ အရည်သွေးကောင်းမွန်တဲ့ မျိုးစေ့ဆိုတာကတော့

    ၁) မျိုးစေ့သန့်စင်မှုရှိခြင်း (ပေါင်းမြတ်မျိုးစေ့များ၊ အမှိုက်သရိုက်များနဲ့ အခွံများကွဲအပ်နေတဲ့ မျိုးစေ့များ မပါဝင်ခြင်း)

    ၂) မျိုးညှောင့်ပေါက်ရာခိုင်နှုန်း ၈၅ % အထက်ရှိခြင်း

    ၃) မျိုးစေ့မှာ သင့်တင့်တဲ့ အစိုဓါတ်ရာခိုင်နှုန်းရှိခြင်း

    ၄) တူညီတဲ့ မျိုးစေ့အရွယ်အစားနဲ့ အလေးချိန်ရှိတဲ့ မျိုးစေ့များဖြစ်ပါတယ်။

    တောင်သူလယ်သမားများအနေဖြင့် မျိုးစေ့များကို မဝယ်ယူမှီ မျိုးစေ့မှာ ရှိသင့်တဲ့ လက္ခဏာများကို စမ်းသပ်စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ပါတယ်။ အရည်သွေးမြင့်တဲ့ မျိုးစေ့များကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးကောင်းမျိုးသန့်ရောင်းဝယ်တဲ့ လုပ်ငန်းရှင်များထံမှဝယ်ယူ၍သော်လည်းကောင်း၊ တောင်သူလယ်သမားအချင်းချင်း မျိုးဖလှယ်၍သော်လည်းကောင်း၊ ကိုယ်အားကိုယ်ကိုး၍ ကိုယ်တိုင်မျိုးထားခြင်းသော်လည်းကောင်း ရရှိနိုင်ပါတယ်။

    အရည်သွေးကောင်းမွန်တဲ့ သီးနှံမျိုးစေ့များကို အသုံးပြုခြင်းဖြင့်

    ၁) မျိုးညှောင့်ပေါက်နှုန်းများကောင်းမွန်ခြင်း

    ၂) သီးနှံပင်များ ဗီဇမှန်ကန်စေခြင်း

    ၃) သီးနှံပင်များ ကျန်းမာသန်စွမ်းခြင်းနဲ့

    ၄) ပိုးမွှားရောဂါနှင့် ရာသီဥတုဒဏ်များကို အသင့်အတင့်ခံနိုင်ရည်ရှိခြင်း စတဲ့ အကျိုးကျေးဇူးများရှိနိုင်ပါတယ်။

    အထွက်နှုန်း တိုးတက်ကောင်းမွန်ဖို့ မျိုးစေ့များရွေးချယ်ရာမှာ ဒေသအလိုက်သင့်တော်တဲ့ မျိုးစေ့၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးစေ့၊ စီးပွားဖြစ်မျိုးသန့်မျိုးစေ့များကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။

    အရည်သွေးကောင်းမွန်တဲ့ သီးနှံမျိုးစေ့များကို စိုက်ပျိုးခြင်းအားဖြင့် မျိုးစေ့သုံးစွဲမှုပမာဏနည်းစေကာ ကုန်ကျစရိတ်သက်သာစေပါတယ်။ ပိုးမွှားရောဂါကျရောက်မှုနည်းတာကြောင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုမှု အကြိမ်အရေအတွက် နည်းပါးစေပါတယ်။ အပင်ပေါက်နှုန်းကောင်းခြင်းနှင့် ကျန်းမာသန်စွမ်းတဲ့ ပျိုးပင်များရရှိခြင်းကြောင့် လိုအပ်တဲ့ အပင်ဦးရေရရှိစေခြင်းဖြင့် အချိန်နှင့် အလုပ်သမားကုန်ကျစရိတ်များ သက်သာစေပါတယ်။

    တောင်သူလယ်သမားများ အရည်သွေးကောင်းမွန်တဲ့ မျိုးစေ့များအသုံးပြုပြီး အထွက်နှုန်းတိုးတက်ကောင်းမွန်ကာ စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

    ရေးသားသူ - Lin Zar Ni

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
6
comments
0
views
2751