လှောင်အိမ်ဖြင့် ဂဏန်း အသားတိုးမွေးမြူခြင်းစနစ်
- လှောင်အိမ်ဖြင့်ဂဏန်းအသားတိုးမွေးမြူခြင်းစနစ်သည် ဂဏန်းရှင်သန်နှုန်းကောင်းမွန်ပြီး၊ ပြန်လည်ရရှိ သော ဂဏန်းအရေအတွက်လည်းကောင်းမွန်ပါသည်။ မြန်မာနိုင်ငံတွင် ဂဏန်းကို လှောင်အိမ်ဖြင့် အဆီတက်၊ အသားတင် ဆောင်ရွက်သောနည်းလမ်းများလည်း လုပ်ကိုင်ကြပါသည်။ သို့သော် ဂဏန်းကို ကြိုးဖြင့်ချီနှောင်ပြီး လှောင်အိမ်အတွင်း ထားရှိခြင်း နှင့် လှောင်အိမ်ထားရှိရမည့် အရေအတွက်ထက် ဂဏန်းများ ပိုမိုထည့်ထားခြင်း နှင့်အတူ လှောင်အိမ်တည်ဆောက်ပုံတွင် ရေဝင်ရေထွက်နည်းပါးခြင်းလည်း တွေ့ရှိရပါသည်။ ထို့အပြင် လှောင်အိမ်ကို ရေစီးရေလာကြမ်းသော မြစ်၊ ချောင်းများအတွင်း ထားရှိသည်ကို တွေ့ရှိရပါသည်။ အချိန်တို ရက်တိုအတွင်း ဂဏန်းအဆီတက် အသားတက်သော်လည်း ဂဏန်းအသေအပျောက် များစွာရှိသည်ကို တွေ့ရှိရပါသည်။ - လှောင်အိမ်ဖြင့် ဂဏန်းတိုးမွေးမြူရာတွင် လှောင်အိမ်အား ရေဝင်၊ ရေထွက်ကောင်းစေရန် လှောင်အိမ် ပတ်လည်တွင် အကျယ်သည် အနည်းဆုံး (၂) လက်မရှိရပါမည်။ လှောင်အိမ် အလျားသည် အနည်းဆုံး (၈)ပေ နှင့် အနံသည် အနည်းဆုံး (၅)ပေ၊ စောက် (၄)ပေ ရှိရပါမည်။ (သို့မဟုတ်) ဂဏန်း တစ်ကောင်ချင်းထည့်နိုင်သော ပလပ် စတိတ်ခြင်းများလည်း အသုံးပြုနိုင်ပါသည်။ လှောင်အိမ်အကြီး ပြုလုပ်ပါက လှောင်အိမ်အတွင်း ဂဏန်း တစ်ကောင်းချင်းထည့် နိုင်စေရန် အကန့်များပြုလုပ်ပေးပါ။ အဆိုပါလှောင်အိမ်ကို ရေစီးအားနည်းသော မြစ် ချောင်းများတွင် ထားရှိနိုင်သည့်အပြင် ရေတက် ရေကျရှိသော ဒီရေတောအတွင်းတွင်လည်း ထားရှိနိုင်ပါသည်။ - အဆိုပါလှောင်အိမ်တွင် တစ်ကောင်ချင်းကို အကန့်တစ်ခုတွင်ထည့်ပြီး အဖုံးကိုလုံအောင်ဖုံးပါ။ ဂဏန်း အရွယ်အစား ဂရမ် (၇၀) မှ (၉၀) ရှိ ဂဏန်းများကို ထည့်ပြီး မနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် အစာကျွေးပေးပါ။ ဂဏန်းသည် ကြီးထွားရန် အရေခွံလဲပါက အချင်းချင်း ပြန်လည် စားသောက်ခြင်းကို မခံရသဖြင့် ဂဏန်းပြန်လည်ရရှိနှုန်း မြင့်မားစေပါသည်။ ဂဏန်းကိုကြိုးချီထားခြင်း မရှိသဖြင့် အစာစားခြင်းလည်း မထိခိုက်ပါ။ ဂဏန်းများလည်း ဖိစီးမှုမရှိသဖြင့် ကျန်းမာရေးကောင်းမွန်ပါသည်။ အစာကျွေးရာတွင်လည်း တစ်ကောင်ချင်းစားရသဖြင့် အစာကို ဝလင်စွာ စားသောက်နိုင်ပြီး ကြီးထွားနှုန်းကို မြန်စေပါသည်။ အစာကြွေးရမည်နှုန်းမှာ ဂဏန်းအလေးချိန်၏ ၄% ကို သာကျွေးပါ၊ ၁၅ရက်ကြာလျှင် ဂရမ် ၁၀၀ ခန့်ဖြစ်လာပါမည်။ တစ်လကြာလျှင် ဂရမ် ၁၅၀မှ ၁၈၀ အထိရရှိလာပါမည်။ - ဦးစန်းအောင် - ထွက်တိုး - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
