cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးဈေးကွက်ရှိ ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ)ဈေးနှုန်း သုံးသပ်ချက်

. Market Analysis
ဈေးနှုန်းသုံးသပ်ရသော် ပဲပုပ်(ရှမ်း) ပျမ်းမျှဈေးနှုန်းမှာ အဟောင်းလက်ကျန်သာရှိတဲ့အတွက် ဈေးတက်နေပြီး ပဲပုပ်(ဗမာ) ပျမ်းမျှဈေးနှုန်းမှာ အသစ်များဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ဈေးကျနေ တာကို တွေ့ရပါတယ်။
  • မန္တလေးဈေးကွက်ရှိ ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ)ဈေးနှုန်း (၅၃.၂၅ ပိဿာ)များကို လေ့လာသော် ပဲပုပ် (ရှမ်း)ဈေးနှုန်းမှာ ၃၂ဝ,၀၀ဝိ/-ကျပ်မှ ၃၃၀,၀၀ဝိ/-ကျပ်၊ ပဲပုပ်(ဗမာ) ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် ၂၆၅,ဝ၀ဝိ/-ကျပ်ဖြင့် ဈေးဖြစ်နေပါတယ်။

    ယခင်လ (ဇန်နဝါရီလ)နှင့် ယခုလ (ဖေဖော်ဝါရီလ)နှိုင်းယှဉ်ခြင်း

    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဈေးနှုန်းအား ယခင်လဈေးနှုန်းများဖြင့် နှိုင်းယှဉ်သော် ပဲပုပ်(ရှမ်း) ပျမ်းမျှ ဈေးနှုန်းမှာ ယခင်လထက် ၈၇,၅၀ဝိ/-ကျပ် ဈေးတက်နေပြီး ပဲပုပ် (ဗမာ)ဈေးနှုန်းမှာ ၆ဝ,၇၅ဝိ/-ကျပ် ဈေးကျ နေတာကို တွေ့ရပါတယ်။

    ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လအလိုက် ဈေးနှုန်းသုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ) ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲပုပ်(ရှမ်း)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆၈,၂၆၉ ကျပ်၊ မတ်လတွင် ၁၇၈,၆၅၀ ကျပ်၊ဧပြီလတွင် ၁၅၆,၈၀၀ိ/-ကျပ်၊ မေလတွင် ၁၆၈,၀၀၅ိ/-ကျပ်၊ ဇွန်လတွင် ၂၀၃,၉၆၀ိ/-ကျပ်၊ ဇူလိုင်လ တွင် ၂၄၀,၀၉၅ိ/-ကျပ်၊ ဩဂုတ်လတွင် ၃၅၂,၇ဝဝိ/-ကျပ်၊ စက်တင်ဘာလတွင် ၃၇၄,၁ဝဝိ/-ကျပ်၊ အောက်တို ဘာလတွင် ၃၆၈,၃၅ဝိ/-ကျပ်၊ နိုဝင်ဘာလတွင် ၃၇၇,၁၂၅ိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၃ဝဝ,ဝဝဝိ/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၂၃၇,၅ဝဝိ/- ကျပ်၊ ဖေဖော်ဝါရီလတွင် ၃၂၅,၅ဝဝိ/- ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေ ပါတယ်။

    ပဲပုပ်(ဗမာ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၇၃,၀၅၆/-ကျပ်၊ မတ်လတွင် ၁၇၇,၃၂၀/- ကျပ်၊ ဧပြီလတွင် ၁၆၆,၅၆၃/-ကျပ်၊ မေလတွင် ၁၈၂,၅၆၅/-ကျပ်၊ ဇွန်လတွင် ၁၉၈,၁၈၃/-ကျပ်၊ ဇူလိုင်လတွင် ၂၂၅,၃၃၅/-ကျပ်၊ ဩဂုတ်လတွင် ၃၁၆,၃ဝဝိ/-ကျပ်၊ စက်တင်ဘာလတွင် ၃၈၈,၅ဝဝိ/-ကျပ်၊ အောက်တိုဘာ လတွင် ၄၀၀,၀၉၂/-ကျပ်၊ နိုဝင်ဘာလတွင် ၄၂၇,၃၇၅ိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၃၆၉,၁၅ဝိ/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃၂၅,၇၅ဝိ/-ကျပ်၊ ဖေဖော်ဝါရီလတွင် ၂၆၅,၇၅ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါ တယ်။

    သုံးသပ် ခန့်မှန်းချက်

    ဈေးနှုန်းသုံးသပ်ရသော် ပဲပုပ်(ရှမ်း) ပျမ်းမျှဈေးနှုန်းမှာ အဟောင်းလက်ကျန်သာရှိတဲ့အတွက် ဈေးတက်နေပြီး ပဲပုပ်(ဗမာ) ပျမ်းမျှဈေးနှုန်းမှာ အသစ်များဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ဈေးကျနေ တာကို တွေ့ရပါတယ်။ ပဲပုပ် နှစ်မျိုးလုံး အသစ်များဖြိုင်ဖြိုပေါ်ချိန် ဈေးကျမယ်လို့ သုံးသပ်မိပါတယ် ခင်ဗျာ။

    ဦးပြည့်ဖြိုးအောင်

    ထွက်တိုး

    --------

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
1855