cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးအစာကျွေးခြင်း

. Fish Articles
နေ့စဉ်အစာကျွေးရာတွင် ကန်အတွင်း၌ ဖြစ်ပေါ်နေသော သဘာဝအစာ (ရေဩဇာ) ပေါကြွယ်ဝမှုကို ခန့်မှန်း တိုင်းတာ ရသည်။ သဘာဝအစာ (ရေဩဇာ) ကြွယ်ဝမှုသည် ရေကြည်နှုန်းနှင့်သက်ဆိုင်သည်။
  • ငါးအစာကျွေးသည့်အချိန်တွင် ငါးမွေးတောင်သူများအနေဖြင့် အောက်ပါအချက်များအပေါ်တွင် သတိထားရမည်ဖြစ်သည်။ မျက်မြင်စစ်ဆေးသည့်အနေဖြင့် ရာသီဥတု၊ ရေအရောင်နှင့် ငါးကျန်းမာရေးအခြေအနေ (ငါးသန် စွမ်းမှု) တို့ကို စစ်ဆေးရမည်ဖြစ်သည်။

    နေ့စဉ်အစာကျွေးနှုန်းကို ကန်အတွင်းငါးစုစုပေါင်း အလေးချိန်၏ ပုံမှန် ၅၊ ၁၀၊ ၁၅ ရာခိုင်နှုန်းဖြင့် စတင်ကျွေး မွေးသင့်သည်။ ငါးဖမ်းဆီးသည့်အချိန်အထိ တဖြည်းဖြည်း ၂-၅ ရာခိုင်နှုန်းအထိ လျော့ချပြီး ကျွေးရမည်ဖြစ်သည်။ တစ်နေ့တာအတွက် ငါးစာကို အညီအမျှခွဲကာ ကျွေးရမည်ဖြစ်ပါသည်။ တီလားပီးယားကဲ့သို့ ရေချိုငါးများကို မနက်စောစောနှင့် ညနေပိုင်း နှစ်ကြိမ်ကျွေးလေ့ရှိသည်။

    နေ့စဉ်အစာကျွေးရာတွင် ကန်အတွင်း၌ ဖြစ်ပေါ်နေသော သဘာဝအစာ (ရေဩဇာ) ပေါကြွယ်ဝမှုကို ခန့်မှန်း တိုင်းတာ ရသည်။ သဘာဝအစာ (ရေဩဇာ) ကြွယ်ဝမှုသည် ရေကြည်နှုန်းနှင့်သက်ဆိုင်သည်။ ရေကြည်နှုန်း ၁၀ လက်မ ထက်နည်းနေလျင် အစာကျွေးခြင်းကို ရပ်တန့်ရမည်။ ပုံမှန်အစာကျွေးခြင်းကို (၁၀ - ၁၄ လက်မ) ရေကြည်နှုန်းဖြစ်လျှင် ပြုလုပ်နိုင်သည်။ ရေကြည်နှုန်း ၂၃လက်မ အထက်ဖြင့်တက်နေပါက အစာကျွေးနှုန်းကို နဂိုထက်ပို၍မြှင့်တင်ပေးရမည်။ မိမိ၏အစာကျွေးနှုန်း မှန်ကန်စေရန် ကန်အတွင်းရှိနေသော ငါးအလေးချိန်စုစုပေါင်းကို သိရှိနေရန်လိုအပ်သည်။ ငါးစာကို ကန်အနှံ့ပက်ရမည်ဖြစ်သည်။ သို့မှသာ နေရာအားလုံးတွင် ငါးများအစာကို စားသုံးနိုင်မည်ဖြစ်သည်။

    ကျွေးမည့်အစာများကို တနေရာတည်းတွင် စုပုံကျွေးပါက အောက်ပါပြဿနာ (၂) ရပ်ကြုံတွေ့လာ ရနိုင်ပါ သည်။

    ၁။ ကြီးထွားနှုန်းမတူညီသော အကောင်ကြီးများရှိသည့်နေရာသို့ အခြားအကောင်ငယ်များလာ ရောက်ပါ က တိုက်ခိုက်ခံရ သဖြင့် ငါးငယ်များသည် အကောင်ကြီးများအနီးရှိသည့် အစာရှိရာနားသို့ မလာရဲ သဖြင့် အစာမစားရခြင်း။

    ၂။ အကောင်ကြီးများမှာလည်း ကုန်အောင်မစားနိုင်သဖြင့် အစာများကျန်နေပြီး အစာပျက်စီးကာ ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။

    ငါးမွေးမြူရေးလုပ်ငန်တွင် အစာကျွေးခြင်းသည် ငါးမွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အဓိကအရေးပါသည့် အခန်းဏ္ဍတစ်ရပ်ဖြစ်ပါသည်။ FCR (မွေးမြူထားသည့် ငါးအသား ၁ယူနစ်တိုးရန် ကျွေးရမည့် အစာပမာဏဖြစ်သည်။) ကို သိရှိထားခြင်းဖြင့် မိမိငါးမွေးမြူရာတွင် သတ်မှတ်ကုန်ထုတ်လုပ်မှုအတွက် အစာလို အပ်မှုကို ကြိုတင်တွက်ချက်နိုင်သည်။ အစာတောင့်၏အရည်အသွေးမည်မျှပင် ကောင်းစေကာမူ မွေးမြူကန် ရေ၏ အရည်အသွေးမကောင်းပါက FCR ညံ့ဖျင်းနိုင်ပြီး ရေအရည်အသွေးကောင်မွန်မှု ငါးများကျန်းကျန်းမာမာရှိပါက FCR မှာ အစာအရည်အသွေးအတိုင်း ကောင်းမွန်မည်ဖြစ်ပါသည်။

    ထွက်တိုး

    Reference: International Collaborating Centre for Aquaculture and Fisheries Sustainability – ICAFIS, Technical guide to farm freshwater fish.

    --------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes
7
comments
1
views
2374