cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကြက်သွန်နီမျိုးစေ့ထုတ်လုပ်ခြင်းတွင် သတိပြုရမည့်အချက်များ

. Cultivation Methods
မျိုးစေ့ထုတ်လုပ်စိုက်ပျိုးသူများအနေဖြင့် ကြက်သွန်ပန်းပွင့်မည့်အချိန်တွင် အေးသောရာသီဥတုနှင့် ကိုက်ညီအောင် စိုက်ပျိုးချိန်ကို ညှိ၍စိုက်ပျိုးပါ။
  • ကြက်သွန်နီမျိုးစေ့ထုတ်ရာတွင်

    (၁) မျိုးစေ့မှ စိုက်ပျိုးထားသောကြက်သွန်ဥ အပင်ကို စိုက်ခင်းတွင် ဆက်လက်ထားရှိပြီး နောက်တစ်ရာသီ အတွင်းတွင် မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနည်း

    (၂) ယခင်ရာသီမှ ရိတ်သိမ်းထားသော ကြက်သွန်ဥများကို ပြန်လည်စိုက်ပျိုးပြီး မျိုးစေ့ထုတ်လုပ်ခြင်းနည်း

    ဟူ၍ နည်း (၂) နည်းရှိပါသည်။ ဒုတိယနည်းလမ်းအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်သူ ပို၍များပြားပါသည်။

    ယေဘူယျအားဖြင့် ကြက်သွန်နီပင်တွေသည် သဘာဝအလျောက် ပျား၊ ယင်ကောင်၊ နှင့် အခြားသော အင်းဆက်များအကူညီနှင့် ပင်ကြားဝတ်မှုန်ကူးခြင်းဖြင့် သန္ဓေအောင်ကြသည်။ ထို့ကဲ့သို့သော သဘာဝအကျိုးပြု အင်းဆက်များ၏ အရေအတွက်လုံလောက်မှုရှိမှသာ မျိုးစေ့အောင်မြင်မှုပိုမှိုရရှိနိုင်မည်ဖြစ်ပါသည်။

    အထူးဂရုပြုရန်မှာ-

    ကြက်သွန်ပန်းပွင့်ချိန်တွင် အပူချိန် ၃၅ စင်တီဂရိတ်ထက်မြင့်ပါက ပန်းပွင့်များအစေ့မအောင်ဘဲ မျိုးစေ့အထွက်နှုန်းလျှော့ကျစေနိုင်ပါတယ်။

    မျိုးစေ့ထုတ်လုပ်စိုက်ပျိုးသူများအနေဖြင့် ကြက်သွန်ပန်းပွင့်မည့်အချိန်တွင် အေးသောရာသီဥတုနှင့် ကိုက်ညီအောင် စိုက်ပျိုးချိန်ကို ညှိ၍စိုက်ပျိုးပါ။

    မျိုးစေ့ထုတ်စိုက်ခင်းကို ရောဂါကျရောက်မှုမရှိစေရန်ကြိုတင်ကာကွယ်ပါ။ ပန်းပွင့်ချိန်တွင် ရောဂါမကျရန်အထူးဂရုပြုလုပ်ဆောင်ပါ။

    ပင်ကြားဝတ်မှုန်ကူးခြင်းဖြင့် အစေ့အောင်သောကြောင့် ပျားကဲ့သို့သော ဝတ်မှုန်ကူပေးသည့် အင်းဆက်ပိုးများ အရေတွက်များအောင်လုပ်ဆောင်ပါ။ ပိုးသတ်ဆေးများအလွန်ကျွံမသုံးပါနှင့်။

    ဘိုရွန်၊ ဆာလဖာ နှင့် အခြားအနည်းလိုအဟာရဓါတ်များသာပါသော ရွက်ဖျန်းအားဆေးအသုံးပြုပါ။

    ရေးသားသူ - Ma Lin Zar Ni

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
13
comments
0
views
2276