မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတုကြည်လင်သာယာနိုင်ပါတယ်။ - Weather Source: Su Su San - ဂန္ဓမာပန်းစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - လက်ရှိရာသီဥတုအခြေနေအရ ဂန္ဓမာပန်းစိုက်တောင်သူများအနေနဲ့ သံကြေးဖြူရောဂါကျရောက်တက်ပါတယ်။ သံကြေးဖြူရောဂါကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ရောဂါနှိမ်နင်းနိုင်ဖို့ဆိုရင် အောက်ဖော်ပြပါအချက်လေးတွေကို သေချာစွာ လိုက်နာဖို့လိုပါတယ်။ - • ရောဂါကင်းစင်သော ပျိုးပင်များ/ပျိုးကိုင်းများကို အသုံးပြုပါ။ - • စိုက်ခင်းအားမျက်ချေမပြတ်စောင့်ကြည့်စစ်စေးပါ။ - • စိုထိုင်းဆကိုလျှော့ချပါ။ အပင်ပေါ်မှရေဖျန်းခြင်းများမပြုလုပ်ပါနဲ့။ - • ရောဂါကျအရွက်အားလုံးကိုဖယ်ရှားပါ။ အိတ်နှင့် သေချာထည့်၍ စိုက်ခင်းနှင့်ဝေးရာသို့ စွန့်ပစ်ပါ။ - • Propamocarb 20 cc + Fosetyl-Al 10 cc ကို အရွက်အောက်ကနေ နော်ဇယ်ကိုပင့်ပြီးဖျန်းပါ၊ လုံးဝအုပ်ပြီး မဖျန်းပါနဲ့။ - • အပင်ခြေကို ပိုတက်ရှ် (K)+ မဂ္ဂနီဆီယမ် (Mg) ထည့်ပေးပါ။ - • ဆေးဖျန်းပြီး နောက်တစ်ပါတ်မှာ အပင်ခြေကိုထုံးမှုန့်ဖြူးပါ။ - • စိုက်ခင်းအားလုံးသိမ်းပြီးချိန်တွင် ပင်ကြွင်းပင်ကျန်ကိုအပြောင်ရှင်းပါ။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - ကန်ရေအရည်သွေးကို စစ်ပေးရန်၊ - - ရေဩဇာတက်နေပါက အစာကို လျော့ကျွေးပေးရန်၊ - - ကန်ရေပေါ် ရေညှိများရှိနေပါက ဖယ်ရှားပေးရန်၊ - - ကန်ရေ သံချေးရောင်ဖြစ်နေပါက ကန်ရေရဲ့ ၃ ပုံ ၁ ပုံကို ထုတ်ပြစ်ပြီး ရေသစ်လဲပေးရန်၊ - - ပျော်ဝင်အောက်ဆီဂျင်တက်စေရန် ချိန်းဆွဲပေးရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
