ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် - မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပါဘူး။ - ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - · ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - · မျိုးငါးကန်များအနေဖြင့် သက်တမ်းတူငါးမျိုးများကိုသာရွေးချယ်မွေးမြူရန်၊ - · မျိုးငါးမွေးမြူရာတွင် ငါးမျိုးစိတ်မတူ၊ သက်တမ်းမတူတဲ့ ငါးများကို ရောနှောမွေးမြူခြင်းမှ ရှောင်ရှားရန်၊ - · မျိုးငါးကန်များတွင် အမိုးနီးယားပမာဏကို စစ်ဆေးပေးရန်၊ - · မျိုးငါးများ ကျန်းမာစေရန် အစာထဲ၌ ဗိုက်တာမင်စီထည့် ကျွေးပေးရန်၊ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 - သုတေသနတွေ့ရှိချက်အရ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုနဲ့အတူ ဖျက်ပိုးများအရေအတွက် ပိုများလာ သကဲ့သို့ စားချင်တဲ့အာသီသလည်း ပိုမိုလာကြကာ ကမ္ဘာ့သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ချိန်းခြောက်မှု အန္တရာယ် ကျရောက်လာနိုင်တယ်လို့သိရပါတယ်။ လေ့လာတွေ့ရှိချက်အရ အပူချိန် (၂) ဒီဂရီစင်တီဂရိတ် ပိုမိုမြင့်တက် လာပါက ဖျက်ပိုးများကြောင့် သီးနှံအထွက် လျော့နည်းဆုံးရှုံးစေမှာဖြစ်ပါတယ်။ ယခုအခါ သီးနှံဖျက်အင်းဆက် ပိုးများ၊ မှိုများနဲ့ ဘက်တီးရီးယားအပါအဝင် ဖျက်ပိုးများကြောင့် ကမ္ဘာ့သီးနှံအထွက်ဟာ (၁၀ ရာခိုင်နှုန်းမှ ၁၆ ရာခိုင် နှုန်း)ထိ လျော့နည်းနေကြောင်း သိရပါတယ် 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
