cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဟင်းသီးဟင်းရွက်တွေမှာ ကျန်ရှိနေတတ်တဲ့ ဓာတ်ကြွင်းတွေကို အလွယ်တကူဖယ်ရှားနည်း

. Health Articles
ကျွန်ုပ်တို့ နေ့စဉ့် စားသုံးနေသာ အသီးနှံနှင့် ဟင်းသီးဟင်းရွက်တွေမှာ ဓာတု ပိုးသတ်ဆေး ဓာတ်ကြွင်း တွေ မြောက်မြားစွာ ပါဝင်နေတာကို သင်သတိထားမိရဲ့လား?
  • ဒီဓာတု ဓာတ်ကြွင်းတွေ ဆိုတာက စိုက်ပျိုးစဉ် ကာလတလျှောက် သီးနှံအထွက်တိုးဖို့နဲ့ သီးနှံတွေမှာ သုံးတဲ့ ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေကို အသုံးပြုခြင်းဖြစ်ပါတယ်။ အစားအသောက် ကွပ်ကဲရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ယနေ့ခေတ် အသီးနှံတွေမှာဆိုရင် ဓာတုဓာတ်ကြွင်းတွေ အလွန်အမင်း ပါဝင်နေတယ်လို့ ထောက်ခံခဲ့ကြပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းကလည်း ဒီလို ဓာတု ဓာတ်ကြွင်း မြောက်မြားစွာ ပါဝင်နေသော အစားသောက်တို့ကို နေ့စဉ် သတိမမူဘဲ စားသောက်နေမိမယ် ဆိုရင်တော့ ရေရှည်မှာ ဆိုရင် ကင်ဆာရောဂါ ၊ ဦးနှောက်နှင့် အာရုံကြောစနစ်နှင့် မျိုးပွားခြင်း စနစ်တွေကို ထိခိုက်စေမည့် အပြင် သန္ဓေသားလောင်းမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင် ပါတယ်။ ဒါကြောင့် အိမ်မှာ နေရင်းကနေ နေ့စဉ် ကိုယ်စားသုံးမဲ့ သီးနှံတွေကို ဘယ်လို အန္တရာယ်ကင်းအောင် လုပ်ဆောင်နိုင်မလဲဆိုတာကို အောက်မှာ ပေးထားတဲ့ အချက်လက်တွေကနေ သိရှိနိုင်မှာဘဲ ဖြစ်ပါတယ်။  

     ၁။ ဆားဖျော်ရည်ဖြင့်သန့်စင်ခြင်း 

    ပထမတစ်နည်းကတော့ အသီးအနှံတွေကို ရေဖြင့် ဆေးကြောရာမှာ ရေ၁လီတာမှာ ၂၀ ဂရမ်ပမာဏရှိသော ဆားကို ထည့်ပေးမယ်ဆိုရင် အသီးအနှံတွေရဲ့ မျက်နှာပြင်ပေါ်က ကျန်နေတဲ့ ပိုးသတ်ဆေး ဓာတ်ကြွင်း ၇၀ -၈၀ % အထိ ဖယ်ရှားပေးနိုင်တာဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသီးနှံတွေဖြစ်တဲ့ စပျစ် ၊ ပန်းသီး ၊ မာလကာ ၊ မက်မန်း ၊ သရက် ၊ သစ်တော်သီးစတဲ့ အသီးတွေ နှင့် ဟင်းသီးဟင်းရွက်တွေ ဖြစ်တဲ့ ခရမ်းချဉ် ၊ ခရမ်းသီး နှင့် ရုံးပတီတို့မှာ ဆိုရင် ဓာတုဓာတ်ကြွင်းတွေ မြောက်မြားစွာ ပါဝင်နိုင်တဲ့ အတွက် သေချာစွာ ဆေးကြောပေးဖို့ လိုအပ်ပါသည်။  

    ၂။ ရှာလကာရည်ဖြင့်သန့်စင်ခြင်း 

    ဒုတိယ တစ်နည်းကတော့ ရေတစ်လီတာမှာ ၁၀ ဂရမ်ပမာဏရှိသော ရှာလကာရည်ကို ထည့်ပြီး နှံ့အောင် မွှေပါ။ ရှာလကာ ရောထားသော ရေဖြင့် အသီးအနှံတွေကို ဆေးကြော ပေးခြင်းဖြင့်လည်း အသီးအနှံတွေရဲ့ မျက်နှာပြင်ပေါ်က ကျန်နေတဲ့ ပိုးသတ်ဆေး ဓာတ်ကြွင်း တွေကိုလည်း ဖယ်ရှားနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ရီသီးတွေ ၊ နောက်ပြီး အခွံပါးတဲ့ အသီးနှံတွေကို ဆေးကြောရာမှာတော့ ဒီရှာလကာရည်က အသီးနှံတွေရဲ့ မျက်နှာပြင်ကို ထိခိုက်စေနိုင်တဲ့ အတွက် သတိထားပြီး ဆေးကြောပေးဖို့တော့ လိုအပ်ပါတယ်။  

     ၃။ သင့်တော် သော ရေနွေးပူချိန်ဖြင့်ခြင်းဖယ်ရှားခြင်း 

    တတိယအနေနဲ့ဆိုရင်တော့ ဟင်းသီးဟင်းရွက်တွေကို ရေနွေးထဲမှာ ခနလောက်စိမ်ပါ။ ဒီလိုနည်းနဲ့ အသီးအနှံတွေရဲ့ မျက်နှာပြင်ပေါ်က ကျန်နေတဲ့ ပိုးသတ်ဆေး ဓာတ်ကြွင်း တွေကိုလည်း ပြောင်စင်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့အသီးအနှံတွေကို အခွံနွှာပြီးမှ စားသုံးခြင်းဖြင့်လည်း ဓာတု ဓာတ်ကြွင်းတွေကို ဖယ်ရှားပြီးသား ဖြစ်သွားနိုင်ပါတယ်။ ကြက်သား(သို့မဟုတ်) တခြားသော အသားတွေကို စားသုံးရာမှာဆိုရင်လည်း အဆီတွေနဲ့ အရေပြားတွေမှာ ဓာတုဓာတ်ကြွင်းတွေက စုနေနိုင်တဲ့ အတွက် အဲလိုနေရာတွေကို ဖယ်ရှားပြီး စားသုံးသင့်ပါတယ်။  

    Reference source - NDTV Food (Simple Tricks to Remove Pesticides From Fruits and Vegetables) 

    ဘာသာပြန်- မမြင့်မြတ်သူ 


  • article
  • article
  • article
  • article
likes
5
comments
0
views
1265