ဓာတုဆေး မသုံးဘဲနဲ့ သဘာဝနည်းအတိုင်း အသီးတွေမှည့်အောင်
- အီသလင်း ထုတ်တာ နည်းတဲ့ အသီးတွေကတော့ ကောင်းကောင်း မရင့်ဘဲ ခူးမယ်ဆိုရင် မှည့်လာအောင် ဓါတုဆေးနဲ့ ပြုပြင် ဖန်တီးပေးလို့ မရပါဘူး။ ကောင်းကောင်းရင့်သည့် အချိန်မှာ ခူးမှသာလျှင် မှည့်လွယ်မှာ ဖြစ်ပါတယ်။ ဥပမာ- ဖရဲသီး၊ နာနတ်သီး၊ စပျစ်၊ ရှောက်သံပရာ မျိုးရင်းဝင် အပင်တွေဖြစ်ပါတယ်။ - အီသလင်း များများထုတ်တဲ့ အသီးတွေကတော့ အပင်မှ ခူးပြီး တာနဲ့မှည့်လွယ်ကြပါတယ်။ ဥပမာ- သရက်၊ သဘောႍ၊ ငှက်ပျော၊ မာလကာ၊ ပန်းသီး၊ ထောပတ်သီးတွေ ဖြစ်ပါတယ်။ - ယနေ့ခေတ် ဈေးကွက်ထဲမှာ အီသသတွေခူးပြီးတဲ့အခါ အမှည့် မြန်စေဖို့အတွက် ဓါတုဆေး အီသလင်းတွေကို အုပ်ကြပါတယ်။ - မိမိတို့အိမ်မှာလည်း ဓါတုဆေး မသုံးဘဲနဲ့ သဘာဝအတိုင်း အသီးမှည့်အောင် ပြုလုပ်နည်းေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ - ၁။ ဆေးမအုပ်ပဲနဲ့ သဘာဝနည်းနဲ့ မှည့်စေချင်ရင်တော့ အီသလင်းထွက်လွယ်တဲ့ အသီးတွေကို ဆန်အိုးထဲမှာ ထည့်ထားပေးလို့ရပါတယ် - ၂။ အသီးတွေကို သတင်းစာ (သို့မဟုတ်) စက္ကူအိတ်ထဲမှာ ထည့်ပိတ်ပေးထားမယ်ဆိုရင်လည်း အသီးတွေက မှည့်လွယ်ပါတယ်။ - ၃။ အသီးတွေကို သစ်ရွက် အစိမ်းနဲ့ အုပ်ပေးမယ်ဆိုရင်လည်း သဘာဝ အတိုင်းမှည့်လွယ်ပါတယ်။ - ဥပမာ- သရက်သီးကို သရက်ရွက်နဲ့ပဲ အုပ်ပေးလို့ ရပါတယ်။ - ၄။ နောက်တစ်နည်း အသီး အစိမ်းတွေ ကြားထဲမှာ အသီး အမှည့် တစ်လုံး (သို့မဟုတ်) အီသလင်းထုတ်တဲ အသီးတစ်ခုခုကို ထည့်ထားပေးမယ်ဆိုရင်လည်း ဆေးအုပ်စရာ မလိုဘဲနဲ့ မှည့်လွယ်ပါတယ်။ - References – One Green Planet (Easy Hacks That Will Help fruit Ripen Fast) - Htwet Toe 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
