cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စပါးပင်ကြီးထွားမှုအဆင့်အလိုက် ရေအနက်ဘယ်လောက်ထားမလဲ?

. Water Management
သီးနှံပင် မှန်ကန်သော အဆင့်လိုက်ရေဖြည့် ဆည်းပေးခြင်းသည် အထွက်နှုန်းမြင့်မြင့်မားမာရရှိရန်အတွက် အရေးကြီးပါတယ်။
  • • ရေသည်ပေါင်းပေါက်ရောက်မှု ပမာဏနှင့် သဘာဝမြေဆီလွှာအာဟာရ ဓါတ်တည်ရှိမှု၊ စပါးပင်၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများစသည်တို့အပေါ် သက်ရောက်မှုရှိပါတယ်

    • သီးနှံပင် မှန်ကန်သော အဆင့်လိုက်ရေဖြည့် ဆည်းပေးခြင်းသည် အထွက်နှုန်းမြင့်မြင့်မားမာရရှိရန်အတွက် အရေးကြီးပါတယ်။

    • ပေါင်းပေါက်ရောက်ကြီးထွားမှုကို ဖိနှိပ်၊ဟန့်တားပေးပါတယ်။

    • အာဟာရဓါတ်များစုပ်ယူမှု ကိုတိုးမြှင့်ပေးပါတယ်။

    ရေ အဓိကလိုအပ်တဲ့ အဆင့်များ

    • ပင်ပွားချိန် - အစိုဓါတ်ပြတ်ခဲ့ပါက အထွက် ၃၀% လျော့နိုင်

    • မှို့ကပ်ချိန်

    • ပန်းပွင့်ချိန်

    • အနှံသန္ဓေကြီးထွားချိန်

    • အနှံထွက်ချိန် - ပက်ကြားအက် အောင်ရေပြတ်ပါက ဗိုက်ဖြူခြင်း၊ ဆန်သားအက်ကြောင်း ဖြစ်ပေါ်နိုင်

    အပင်ကြီးထွားမှု အဆင့်အလိုက် ထားရှိသင့်သည့် ရေအနက်

    • မျိုးညှောင့်ပေါက်အဆင့် - စိုစွတ်ရုံ

    • ပျိုးပင်(စိုက်ပျိုး ၁၀-၂၀)ရက် - ရေမထည့်၊စိုစွတ်ရုံ (အစေ့ကြဲပြီး ဝ-၂၁)ရက်

    • ပင်ပွားအဆင့် - (၁ မှ ၂လက်မ)

    • ပင်စည်ရှည်ထွက်ချိန် -(၂ လက်မ)

    • မှို့ကပ်ချိန်မှ ဗိုက်ဖောင်းချိန် - (၂ မှ ၃ လက်မ)

    • အနှံထွက်ချိန် - (၂ မှ ၃ လက်မ)

    • ပန်းပွင့်ချိန် -( ၂ မှ ၃ လက်မ)

    • နို့ရည်တည်ချိန် - (၁ မှ ၁.၅ လက်မ)

    • နို့ရည်ခဲချိန် - (၁ လက်မ)

    • ရင့်မှည့်ချိန် - ရေပြောင်ထုတ်

    • ပျိုးခင်း ရေ ၄ လက်မ ခန့် ရှိပါက ရွက်ဖုံးရှည်လျားပြီး ပျိုးပင်နွဲ့(အပင်လှီ- အမြစ်စွဲနောက်ကျ)

    ကျမ်းကိုး - ဒေါ်ခင်ရီ (လပွတ္တာခရိုင်မျိုးစေ့တာဝန်ခံ - အငြိမ်းစား)(ဆန်စပါးမျိုးသန့် မျိူးစေ့ ရယူသုံးစွဲနိုင်မှု မြှင့်တင်ရေးစီမံကိန်း စပါးသီးနှံရေစီမံခန့်ခွဲမှု)


  • article
likes
8
comments
1
views
1964