ခါကျက်ဥစိုက်သူများ တစ်ဧက ငွေကျပ် သိန်း ၁၂၀ ခန့် အကျိုးအမြတ်ရနေ
- ပြင်ဦးလွင်ဒေသတွင် ကိုရီးယား ခါကျက်ဥ F1 မျိုးကို တစ်ဧက တစ်ကီလိုနှုန်းဖြင့် စိုက်ပျိုးပြီး မျိုးတစ်ကီလိုလျှင် ငွေကျပ် ၁၀ သိန်းဝန်းကျင်ခန့် ကုန်ကြသည်။ ခါကျက်ဥတစ်ဧက စိုက် ပျိုးစရိတ်ငွေကျပ်မျိုး၊ စိုက်ပျိုး စရိတ်ပေါင်း ငွေကျပ် သိန်း ၃၀ ခန့်ကုန်ကျကြောင်းနှင့် ခါကျက်ဥ ကုန်ချိန် ၁၀၀၀၀ ခန့်ထွက်ရှိကြောင်း တောင်သူများထံက သိရသည်။ - ပြင်ဦးလွင်ဒေသရှိ တောင်သူများမှာ ဒေသမျိုးအပြင် အထွက်နှုန်းကောင်းသည့် ကိုရီးယား ခါကျက်ဥများကို စိုက်ပျိုးရာ တစ်ဧကလျှင် ကုန်ချိန် ၈၀၀၀-၁၅၀၀၀ ထိထွက်ရှိကြောင်း ပျမ်းမျှ တစ်ဧက ကုန်ချိန် ၁၀၀၀၀ ခန့် ထွက်ရှိကြောင်းလက်ရှိ ခါ ကျက်ဥ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ခန့် ပေါက်ဈေးမှာ ဈေးကျ ဆင်းနေသော်လည်း တောင်သူများအတွက် တစ်ဧကလျှင် ငွေ ကျပ် သိန်း ၁၂၀ အကျိုးအမြတ် ရှိကြောင်း စိုက်ပျိုးကာလမှာ ဆောင်းရာသီစိုက်သီးနှံဖြစ်ပြီး အောက်တိုဘာလမှ ဖော်ဝါရီလ အတွင်း စိုက်ပျိုးရန်အကောင်းဆုံး ဖြစ်ကြောင်း ခါကျက်ဥစိုက် တောင်သူ ကိုချမ်းချမ်းက ပြောသည်။ - `` ခါကျက်ဥကိုရီးယားမျိုးက တစ်ကီလို ငွေကျပ် ၁၀ သိန်း လောက်ပေးဝယ် စိုက်ပျိုးရပါတယ်။ ဆောင်းစိုက်အတွက် အောက်တိုဘာလကနေ ဖေဖော်ဝါရီလကြားမှာ အဓိကစိုက်ပါတယ်။ ကိုရီးယားမျိုးက ကုန်ချိန် အထွက်နှုန်းလည်းကောင်းတော့ ဈေးကွက်ဈေးကျဆင်းချိန်တောင် အမြတ်ကျန်ပါတယ်။ ဒီနှစ် ခါကျက်တစ်ပိဿာငွေကျပ် ၁၅၀၀ ပေါက်ဈေး ရှိပါတယ်။ စိုက်ပျိုး ချိန်ရက် ၁၀၀-၁၂၀ လောက် စိုက်ပျိုးပြီး တစ်ဧက ငွေကျပ် သိန်း ၁၂၀ လောက် ကျန်ပါတယ် ´´ ဟု ၎င်းကပြောသည်။ - ပြင်ဦးလွင်ဒေသမှ ထွက်ရှိသည့် ခါကျက်ဥများကို မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချလျက်ရှိပြီး တရုတ်နိုင်ငံနှင့်ထိုင်း နိုင်ငံမှ ခါကျက်ဥများ တင်သွင်းမှု မရှိသောကြောင့် ပြည်တွင်းဈေး ကွက်တွင် မျိုးဈေးကြီးမြင့်သလို အကျိုးအမြတ်လည်း ကောင်းကောင်းရရှိသည့် သီးနှံအမယ် တစ်မျိုးဖြစ်ကြောင်း သိရသည်။ - ရွှေမန်း - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - ✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
