cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရွှံ့ဂဏန်းအား ကန်ဖြင့် စနစ်တကျမွေးမြူခြင်း

. Weather News
ကန်အောက်ခြေတွင် နှုံးထုသည်(၈)လက်မခန့် ရှိရန်လိုအပ်ပါသည်။
  • မြန်မာနိုင်ငံတွင် ဂဏန်းကိုသားပေါက်၊ သားလောင်မှ သက်ကြီးကောင်အထိမွေးမြူခြင်းလွန်စွာအား နည်းပါသည်။ အရွယ်ရောက်ဂဏန်း (၅၀)ဂရမ်အထက်မှ ဂရမ် (၂၀၀)အထိမွေးမြူသူများသည် ဒီရေတောကမ်းရိုး တန်းများတွင် ပုံစံမျိုးစုံဖြင့်မွေးမြူကြပါသည်။ ဂဏန်းထုတ်လုပ်မှု့သည် နှစ်စဉ်တိုးတက်နေပြီး ၊သဘာဝမှဖမ်းယူ စုဆောင်းထုတ်လုပ်နေခြင်းဖြစ်ပါသည်။ ရေရှည်တွင် ဂဏန်းသားပေါက်စခန်းများတည်ထောင်ထုတ်လုပ်နိုင်ပါက ဂဏန်းမွေးမြူနိုင်ရန်အတွက် အကြံပြုတင်ပြအပ်ပါသည်။ 

    ကန်တူးပြီးဂဏန်းမွေးမြူလိုပါက ၊ ပတ်မြောင်းတူးခြင်းလည်းဆောင်ရွက်နိုင်ပါသည်။ဂဏန်းမွေးမြူမည့် နေရာတွင် ရေငန်နှုံး အနည်းဆုံး(၅ပီပီတီ)ရှိရန်လိုအပ်ပါသည်။ ရေသွင်းရေထုတ်လွယ်ကူသောနေရာဖြစ်ရပါမည်။ အောက်ခံမြေသားသည် ရွံနန်းမြေ၊ သဲနှုံးမြေဖြစ်ရပါမည်။ ကန်တူးပြီးပါက ကန်အတွင် တဧကလျှင်အနည်းဆုံး ထုံးပိဿာ(၁၀၀)ထည့်ရပါမည်။ဂဏန်းသည်အရေခွံလဲခြင်းကိုဆောင်ရွက်သဖြင့် ထုံးပိုမိုထည့်ရန်လိုအပ်ပါသည်။ ထုံးထည့်ပြီးနောက် ကန်အောက်ခြေကို တပတ်ကြာ နေလှန်းပေးပါ။ ထို့နောက် ရေငန်ထည့်သွင်းပါ၊ ရေငန်ထည့် သွင်းရာတွင် သားစားငါးများမပါစေရန် ဆောင်ရွက်ရပါမည်။ သားစားငါးများပါဘာပါက ဂဏန်းများအရေခွံလဲ ချိန် တွင် စားသောက်ခြင်းခံရတတ်ပါသည်။ 

    ရေငန်(၂)ပေသွင်းပြီး (၃)ရက်ခန့်အကြာတွင် ကန်ရေဩဇာရရှိစေရန်အတွက် တဧကလျှင် (NPK)မြေဩ ဇာ ၇ ပိဿာမှ ၈ပိဿာအထိ နေပူချိန်တွင် ထည့်သွင်းပေးပါ၊ (၃)ရက်မှ (၇(ရက်အကြာတွင် ကန်ရေအရောင်သည် အစိမ်းနုရောင်သို့ပြောင်းလာပါလိမ့်မည်။ကန်ရေအစိမ်းနုရောင်ဖြစ်လာချိန်တွင်ကန်အတွင် ရေအနက်(၄)ပေအထိ ရောက်စေရန်ထပ်မံဖြည့်သွင်းပေးပါ။ ကန်ရေ အရောင်အစိမ်းနုရောင်ဖြစ်လာချိန်တွင် ဂဏန်းသားပေါက်များ ထည့်သွင်းနိုင်ပါသည်။ထည့်သွင်းရမည့် ဂဏန်းသားပေါက်အရွယ်အစားမှာ (၁၆)ဂရမ် (တကျပ်သား)အောက် ဂဏန်းများဖြစ်ပါသည်။ တဧကလျှင် သားပေါက်ကောင်ရေ (၈၀၀၀)မှ (၁၂၀၀၀)အထိထည့်မွေးနိုင်ပါသည်။ 

    ဂဏန်းများသည်တူးတွင်းနေထိုင်သောဓလေ့ရှိသဖြင့် ကန်အောက်ခြေတွင် နှုံးထုသည်(၈)လက်မခန့် ရှိရန်လိုအပ်ပါသည်။တွင်းဖောက်သွားလာခြင်းမရှိသော်လည်း ကန်ဘောင်ပေါ်ကျော်တက်သွားနိုင်သဖြင့်ကန် ပတ်လည်တွင် အမြင့်(၃)ပေရှိ ပိုက် (သို့)ဝါးယင်းအား အတွင်းဘက် ၄၅ဒီဂရီစောင်းပြီးကာရန်ပေးရပါမည်။ ဂဏန်း များသည် အစာဝလင်ပါက ကြီးထွားရန်အရေခွံ လဲကြပါသည်။ထိုအချိန်တွင် အစာမဝသော ဂဏန်းများမှ အရေ ခွံလဲနေသော ဂဏန်းများကိုစားသောက်ကြသဖြင့် ဂဏန်းများအတွက် ပုန်းခိုရာနေရာများ ကန်အတွင်းသို့ ချ ထားပေးရပါမည် (ဉပမာ အားဖြင့် ဝါးဆစ် ဘူးများ)၊ ။ ဂဏန်းမွေးမြူသောကန်သည် ရေလှယ်ခြင်းကို ဆောင် ရွက်ရမည်ဖြစ်သောကြောင့် ရေသွင်းပေါက်နှင့် ရေထုတ်ပေါက် ကို ကန်၏တဖက်တချက်စီတွင်တပ်ဆင်ပေးရန် လိုအပ်ပါသည်။ 

    ဦးစန်းအောင်

    ထွက်တိုး

    --------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes
18
comments
0
views
6280