cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စားအုန်းဆီ အခြေခံလက်ကားစျေး ဆက်တိုက်ကျဆင်းနေ

. Market Analysis
စားအုန်းဆီ အခြေခံလက်ကားစျေး ဆက်တိုက်ကျဆင်းနေသော်လည်း ပြင်ပပေါက်စျေး မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရပါသည်။
  • ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက ရည်ညွန်းစျေး တစ်ပိဿာကို ၇၂၄၅ ကျပ်အထိ သတ်မှတ်ခဲ့သော်လည်း ယခု ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ၁၆ရက်နေ့ အထိ ရည်ညွန်းစျေး တစ်ပိဿာကို ၇၀၇၅ကျပ် ထိ ကျဆင်းလာကြောင်း သိရသည်။

    ယခုနှစ်မှစ၍ ရည်ညွှန်းဈေးနှုန်း တစ်ပတ်ထက်တစ်ပတ် ဆက်တိုက်သလို ကျဆင်းလာသော်လည်း ပြင်ပပေါက်စျေးမှာ တစ်ပိဿာလျှင် ၁၅၀၀၀၊ ၂၀၀၀၀ နီးပါးအထိ မြင့်တက်နေဆဲဖြစ်ကြောင်း သိရပါသည်။

    စားအုန်ဆီ လုံလောက်စွာ ဝယ်၍ မရသောကြောင့် ပြင်ပပေါက်စျေးမှာ မြင့်တင်နေဦးမည် ဖြစ် ကြောင်း ကုန်သည်များ သုံးသပ်ကြသည်။

    “တစ်ပတ် တစ်ခါပဲ ရောင်းပေးတာ။ တချို့ ရပ်ကွပ်တွေမှာဆို ပုံမှန်ဝယ်ယူခွင့် မရကြဘဲ ၁၅ ရက် တကြိမ်လောက်သာ ဝယ်ယူခွင့်ရတယ်လို့လည်း ကြားတယ်။ ဆီဆိုင်တွေမှာ လုံလုံလောက်လောက် မရောင်းတော့ ပြင်ပ စျေးကွက်ဆိုတာ ဖြစ်လာတာ။ ပြည်သူတွေလဲ ပြင်ပပေါက်စျေး နဲ့ပဲ ဝယ်ယူသုံးစွဲနေကြရတယ်” ဟု ဆီကုန်သည် တစ်ဦးက ပြောသည်။

    ပြည်တွင်း ပဲဆီ၊နှမ်းဆီများမှာလည်း စျေးတန်း တစ်ခုထိရှိနေခြင်းကြောင့် စျေးချိုသည့် စားအုန်းဆီ ကိုသာ အားကိုး ဝယ်ယူ သုံးစွဲနေရကြောင်းလည်း စားသုံးသူများထံမှ သိရပါသည်။

    လက်ရှိ ပဲဆီအစစ် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ နှမ်းဆီစျေး ၁၈၅၀၀ ကျပ် မှ ၂၀၀၀၀ ကျပ် အထိ အသီးသီး ရောင်းချနေကြောင်း ရန်ကုန်စျေးကွက်မှ သိရပါသည်။

    လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မူတွေများကြောင့် ဆီစက်များ ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများ ရှိခြင်း၊ စက်သုံဆီစျေးများ မြင့်တက်ခြင်း စသည့် အခက်ခဲများ ကြုံတွေ့နေရကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။

    “အခုစျေးကွက်မှာက စားအုန်ဆီစျေးက ပဲဆီ၊ နှမ်းဆီစျေးနား ကပ်နေပြီး၊ ကျန်မားရေးအရ ကြည့်မယ်ဆိုရင် ပြည်ပကသွင်းတဲ့ ဆီတွေကို လျော့ချပြီး ပြည်တွင်း ပဲဆီ၊ နှမ်းဆီတွေကို အားထား သုံး စေချင်တယ်။ “ဟု အောင်လံ မြို့မှ ဆီစက် ပိုင်ရှင်တစ်ဦးက ဆိုသည်။

    လက်ရှိ စားသုံးဆီ ဖူလုံမှုကို ဖော်ဆောင်ရန်အတွက် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း မှ ပြည်တွင်းထုတ် မြေပဲဆီ၊နှမ်းဆီ ၊နေကြာဆီ စျေးရောင်းပွဲတော်ကိုလည်း ကျင်းပလျက်ရှိ ကြောင်း လည်း သိရပါသည်။

    ပြည်တွင်း ၌ စားအုန်းဆီ သုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိသောကြောင့် နှစ်စဉ် တန်ချိန် ၆သိန်း မှ ၇သိန်ကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိက ထား၍ တင်သွင်းနေရကြောင်းသိရသည်။

    ဖိုးချဲ(AMIA)

    ✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
8
comments
0
views
1326