“အပင်နဲ့ငါး ရောနှောစိုက်ပျိုးမွေးမြူတဲ့စနစ် (Aquaponics system) တွင် အမိုးနီးယားဓါတ်ငွေ့ရဲ့ ရေးပါပုံ”
- ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ငါးမွေးကြတယ်၊ စိုက်ပျိုးရေးလုပ်ကြတယ်။ တစ်ချို့ကျ တွဲမွေးကြတယ်။ တစ်ချို့က တလှည့်စီလည်း စိုက်ပျိုးမွေးမြူကြတယ်။ စပါး-ငါးတွဲမွေးကြတယ်။ တစ်ချို့ကျ ငါးကန်ဖော်ပြီးနောက် စပါးစိုက်တယ်။ စိုက်ပျိုးရေးနဲ့စပ်လျဉ်းပြီး ရေပေါ် (မြေမဲ့) စိုက်ပျိုးရေးတွေလုပ်လာကြတယ်။ ဒါပေမယ့် အပင်နဲ့ငါးကို ရောနှော စိုက်ပျိုးမွေးမြူတဲ့စနစ်က နည်းပါတယ်။ ဒီစနစ်မှာ အပင်ကိုရေပေါ်စိုက်ပြီး ရေထဲမှာ ငါးထည့်တဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို အကောင်အထည်ဖော်ရာမှာ အမိုးနီးယားဓါတ်ငွေရဲ့အရေးပါပုံကို ဆွေးနွေးပေးလိုက်ရပါတယ် ခင်ဗျာ။ - ငါးမွေးမြူရေးမှ အမိုးနီးယားထုတ်လွှတ်ခြင်း - ငါးတွေဟာ အမိုးနီးယားကို သူတို့ရဲ့ ပါးစပ် ဒါမှမဟုတ် ဆီးကနေတဆင့် စွန့်ထုတ်ကြပါ တယ်။ ငါးစာထဲမှာပါတဲ့ ပရိုတင်းဓါတ်ကို ခြေဖျက်ပြီး ထွက်လာတဲ့ အရာဖြစ်ပါတယ်။ နောက် တစ်ခုက ရေထဲမှာရှိတဲ့ ဇီဝပစ္စည်းတွေ ပြိုကွဲရာကနေလည်း အမိုးနီးယားဓါတ်ထွက်ပါတယ်။ တစ်ခါ တစ်ရံ ရေဩဇာတက်ဖို့ကျွေးလိုက်တဲ့ မြေဩဇာတွေကနေလည်း အမိုးနီးယားဓါတ်ထွက် တက်ပါ တယ်။ အဲဒီလို နည်းလမ်းအမျိုးမျိုးနဲ့ ထွက်လာတဲ့ အမိုးနီးယားတွေကို ငါးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ - အကျိုးပြုဘက်တီးရီးယားတွေရဲ့ အခန်းကဏ္ဍ - ငါးတွေရဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့ အမိုးနီးယားဓါတ်ကို ခြေဖျက်ပေးမယ့် အကျိုးပြု ဘက်တီးရီးယားလေးတွေရဲ့ အခန်းကဏ္ဍကိုလည်း ဆွေးနွေးလိုပါတယ်။ ဒီဘက်တီးရီးလေးတွေဟာ အမိုးနီးယားကို နိုက်ထရိုက်ပြောင်းပေးပါတယ်။ အဲဒီနောက် နိုက်ထရိုက်ကနေ အပင်တွေစားသုံးလို့ ရတဲ့ နိုက်ထရိတ်အဖြစ်ကို ပြောင်းပေးပါတယ်။ - အပင်ကြီးထွားဖို့အတွက် အမိုးနီးယားရဲ့ အရေးပါပုံ - ရေထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကနေတဆင့် ပြောင်းပေးလိုက်တဲ့ နိုက်တ ရိုက်ဓါတ်ဟာ အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရဖြစ်ပါတယ်။ ဒါပေမယ့် ရေထဲမှာ အမိုး နီးယားပမာဏ အလွန်အကျွံများလာမယ်ဆိုရင်တော့ အပင်အတွက် အဆိပ်အတောက် ဖြစ်စေပါ တယ်။ အပင်ကြီးထွားမှုတန့်သွားတာ၊ အရွက်ဝါတာတွေဖြစ်တက်ပါတယ်။ တစ်ခါတစ်ရံ အစာချက် တာကို ထိခိုက်ပြီး အရွက်လောင်တာတွေ ဖြစ်တက်ပါတယ်။ တစ်ဆက်တည်းမှာဘဲ အပင်ရဲ့ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကိုကျစေပြီး အထွက်နှုန်းကျစေပါတယ်။ - Source: https://gogreenaquaponics.com/blogs/news/the-role-of-ammonia-in-aquaponics-systems#google_vignette - ---------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
