ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြုံပြုချက်
- ၂၀၂၅ ဖေဖော်ဝါရီလ ၁၄ရက်နေ့မှ ၂၁ ရက်နေ့အထိ - ရှမ်းပြည်နယ်မှာ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ မိုးရွာနိုင်ဖို့ မရှိပါဘူး။ - ISSUED TIME - 13/02/2024 8:00am(MMT) - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ရှမ်းပြည်နယ်အတွင်း အာလူးစိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - တောင်သူဦးကြီးများအနေနဲ့ အာလူးဥအပေါ်မှာ အနာဖက် အကြေးဖက်တွေများပြီး ဈေးကွက်မှာ မျက်နှာပန်းမလှဖြစ်နေရတဲ့အကြောင်းရင်းကတော့ အာလူးဥ အကြေးဖက် ရောဂါကြောင့်ဖြစ်ရတာပါ။ Streptomyces scabies ဆိုတဲ့ ဘက်တီးရီးယားကြောင့်ရောဂါဖြစ်စေတာပါ။ - • မြေကြီးရဲ့ ချဉ်ငန်ကိန်း ကို ၅.၀-၅.၅ အတွင်းထိန်းထားနိုင်ပါက ရောဂါဆိုးရွားစွာကျရောက်မှုကို လျော့ချပေးနိုင်ပါတယ်။ - • အားလူးဥ ဥတဲ့အချိန်မှာ မြေကြီးအစိုဓါတ်ကောင်းကောင်းရှိဖို့လိုအပ်ပါတယ်။ - • ရောဂါမျိုးပါလာတဲ့ အာလူးမျိုးဥများပြန်လည်အသုံးပြုစိုက်ပျိုးခြင်းကိုရှောင်ကျဉ်ရပါမယ်။ - • အာလူးမစိုက်ခင်မှာ မြေခံတွင် ကျောက်မှုန် (Gypsum) ထည့်ပေးပါ။ - •မြေဆောင်၊ မျိုးဆောင်ရောဂါဖြစ်တဲ့အတွက် ကာကွယ်ခြင်းကပိုမိုထိရောက်ပါတယ်။ - • Pentachloronitrobenzene နှင့် Fludioxonil စတဲ့ ဆေးတွေကို မျိုးစေ့လူးနယ်ဆေးအနေနှင့် အသုံးပြုနိုင်ပါတယ်။ - ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် - ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးများရောဂါမကျအောင် ကြိုတင်ကာကွယ်ရန်၊ - ပဋိဇီဝဆေးများကို အစာထဲထည့်ကျွေးရန်၊ - ကန်ရေအရည်သွေးကို စစ်ဆေးပေးရန်၊ - ရေချဉ်ဖန်နှုန်းကို စစ်ပေးရန်၊ - အမိုးနီးယား အဆိပ်အတောက်မဖြစ်စေရန် အစာကို လိုအပ်သလောက်သာကျွေးရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
