cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၁၀. ၂ . ၂၀၂၅ မှ ၁၄. ၂. ၂၀၂၅)

. Market Analysis
ဒီတစ်ပတ်မှာတော့ ပြောင်း၊ ပဲတီစိမ်း၊ မတ်ပဲ စျေးငြိမ်ပြီး ပဲစင်းငုံ စျေးတက်လာပါတယ်။ ကြက်သွန်နီ ဈေးကလည်း မြင့်တက်လာပါတယ်။ အာလူးဈေးကတော့ ဆက်တိုက် ပြန်ကျဆင်းနေပြီး အတက်ဈေး နဲ့ ရှိနေတဲ့ မန်ကျည်းဈေးကလည်း ကျပါတယ်။
  • ပဲတီစိမ်း

    ပဲတီစိမ်းကတော့ တရုတ်ဝယ်လိုအားရှိတာကြောင့် စျေးတန်းက အမြင့်စျေးမှာ ငြိမ်နေတယ်လို့ သိ ရပါတယ်။

    တရုတ်ဝယ်လက်တွေ ကြိုက်တဲ့ ရန်ကုန်ကထွက်တဲ့ ခရမ်းရွှေဝါပဲတီစိမ်းအသစ်တွေလည်းပေါ်နေပြီး စျေးကောင်းရနေပါတယ်။ ပဲတီစိမ်းဝါးခယ်မတွေလည်း စျေးကောင်းရနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်ရှိပြီး ပဲတီစိမ်း ဝါးခယ်မက ၅၀၈၀ မှ ၅၁၀၀ ကျပ်နဲ့ ပဲတီစိမ်း ဝါးခယ်မက ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်နဲ့ စျေးငြိမ်နေတာ ဖြစ်ပါတယ်။

    မန္တလေးစျေးကွက်မှာ ပဲတီစိမ်းအညာက ၂၅၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပါတယ်။

    ပြောင်း

    ပြောင်းကတော့ ခုတစ်ပတ်မှာလည်း အရင်တစ်ပတ်က ဖြစ်ပေါ်ခဲ့တဲ့ စျေးတန်းမှာပဲငြိမ်နေပါတယ်။

    ပြောင်းဆံစျေးငြိမ်နေတာ သုံးပတ်ဆက်တိုက်ရှိပါပြီ။

    ပြောင်းဆံကို ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နေတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့မှုရှိနေ တာကြောင့် အရင်အပတ်တွေတုန်းက တက်ရိပ်ပြခဲ့ပေမယ့် ခုတစ်ပတ်မှာတော့ စျေးထပ်မတက်ဘဲ အဲဒီအတက်စျေးတန်းမှာပဲ ငြိမ်နေတာဖြစ်တယ်လို့ သိရပါတယ်။

    အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၈၀ မှ ၁၇၀၀ ကျပ်ရှိ ပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း စျေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၄၀၀၀ ကျပ်၊ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၀၀၀ ကျပ် ရှိပါတယ်။

    မတ်ပဲ

    မတ်ပဲကတော့ အရင်တစ်ပတ်ကဖြစ်ပေါ်ခဲ့တဲ့ စျေးတန်းပတ်လည်မှာပဲ ငြိမ်နေပါတယ်။

    မတ်ပဲကို အိန္ဒိယက အဝယ်အေးနေတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့ခွင့်အပေါ် သက်တမ်းထပ်မတိုး သေးတာကြောင့် စျေးကအေးနေပါတယ်။ ပဲအသစ်တွေလည်း စျေးကွက်ထဲဝင်နေတဲ့အတွက် စျေးကအေးနေပါတယ်။

    ဒီတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၂၉၄၀၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂၉၅၂၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၉၁၀၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၃၅၀၀၀ ကျပ်ရှိပါတယ်။

    မန္တလေးစျေးကွက်မှာလည်း စျေးကျပါတယ်။ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၄၀၀၀၀ မှ ၂၇၇၀၀၀ ကျပ်ရှိပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံက ဒီတစ်ပတ်မှာတော့ စျေးပြန်အတက် ပြလာပြီး တစ်တန်ကို ၂၉ အထိ ပြန်တက်လာပါတယ်။

    ပဲစင်းငုံအသစ်တွေပေါ်နေပြီး စျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့် စျေးတန်းကအေးနေပေမယ့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံက အခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာတင်သွင်းခွင့်ပြုထားတာကြောင့် စျေးတန်း က လှောင်ထားနိုင်လေ အကျိုးအမြတ်ရရှိမှာ ဖြစ်တယ်လို့သိရပါတယ်။

    အခုတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစင်းငုံနီ တစ်တန် ကို ၂၉၄၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂၉၅၅၀၀၀၊ ကြာသပတေးနေ့က ၂၉၁၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၈၀၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၃၅၀၀၀ လောက် အတက်အကျရှိခဲ့ပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင် ၉၀၀၀၀၀ လောက်တက်လာပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ခုအပတ်မှာ ပဲစင်းငုံနီကို ပိဿာ ၆၀ ကို ၂၇၆၀၀၀ မှ ၂၇၇၀၀၀ ကျပ်ရှိပါတယ်။

    ထန်းလျက်

    ပြည်တွင်းထန်းလျက်စျေးကွက်မှာ ထန်းလျက်အစစ်တွေ ဝင်ရောက်မှုနည်းပြီး စျေးကောင်းရနေ ပါတယ်။ အညာထန်းလျက်အစစ်တွေ စျေးကောင်းရနေပြီး အုန်းသီးနဲ့အရောထန်းလျက်တွေက တစ်ပိဿာကို ၂၀၀၀၀ ကျပ်အထိပင် စျေးရှိနေပါတယ်။

    ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တောင်သာနဲ့မလိူင်ကထွက်တဲ့ ဒုံးဟောင်းထန်းလျက်က တစ်ပိဿာကို ၇၀၀၀ ကျပ်၊ထန်းလျက်အသစ်က ၆၉၀၀ ကျပ်၊ ညောင်ဦးဆေးရှယ်က ၇၃၀၀ ကျပ်၊ ညောင်ဦးဆေးရှယ် (ထန်းအရော) က ၅၀၀၀ မှ ၅၁၀၀ ကျပ်၊ ပခုက္ကူကြမ်းက ၇၁၀၀ ကျပ်၊ ရေစကြိုထန်းလျက်က ၈၀၀၀ မှ ၈၅၀၀ ကျပ် အထိရှိနေပါတယ်။ ထန်းလျက်စျေးကွက်ထဲကိုထန်းလျက်အတုတွေလည်း ဝင်ရောက်နေပါတယ်။

    ကြက်သွန်နီ

    ပြီးခဲ့တဲ့ အပတ်ကအထိ အကျဈေးနဲ့ ရှိနေခဲ့တဲ့ ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲကို နယ်စုံကနေ အဝင်ရှိနေပြီး နေ့စဉ် ပိဿာချိန် ၂ သိန်း နီးပါး အဝင်ရှိပါတယ်။ အဝယ်များပြီး ဈေးတက်လာတာလို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိတ်ဖြူ၊မြင်းခြံ၊မြစ်သား၊တောင်သာ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၂၁၀၀ မှ ၃၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ မှ ၂၀၀ ကြား ဈေးမြင့်တက်လာပါတယ်။

    မန်ကျည်းသီး

    အတက်ဈေးနဲ့ လ အတော်ကြာ ငြိမ်နေတဲ့ မန်ကျည်းသီးဈေးက ပြန်ကျဆင်းလာပါတယ်။ ဈေးကွက်ထဲ ကို အဝင်များလာပြီး ဈေးပေါနေတဲ့ ခရမ်းချဉ်သီးအစားထိုး စားသုံးမှု များလာတဲ့အတွက် အဝယ်ကျ ဈေးကျတယ်လို့လည်း ကုန်သည်အချို့က ပြောပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မန်ကျည်းသီး အသား တစ်ပိဿာကို ၁၀၀၀၀ မှ ၁၃၀၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀၀ လောက်ဈေးကျဆင်းပါတယ်။ ရမည်းသင်းနဲ့ ပွင့်ကပ်ကတော့ တစ်ပိဿာကို ၅၄၀၀ မှ ၆၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ မှ ၁၀၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

    AMIA

    -------

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
8
comments
1
views
1936