မကွေးတိုင်းဒေသကြီး အတွက် တစ်ပတ်တာရာသီဥတုအခြေအနေ ခန့်မှန်းချက်
- ၂၀၂၅ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၅ရက်နေ့အထိ - ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ် - ISSUED TIME - 18/02/2025 10:17am(MMT) - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - ရာသီဥတုအေးမြပြီး စွတ်စိုထိုင်းမှိုင်းနေရင် ကြက်သွန်ဒေါင်းနီးရွက်ခြောက်ရောဂါ ပိုပြင်းထန်စေပါတယ်။ မြေဆောင်၊မျိုးစေ့ဆောင်ရောဂါဖြစ်လို့ ရောဂါကင်းတဲ့မျိုးကိုရွေးချယ်စိုက်ဖို့နဲ့ စိုက်ခင်းသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ ရောဂါကျခဲ့သောအခင်းအား ရိတ်သိမ်းပြီးချိန်တွင် ချက်ချင်းထယ်ထိုး မြေမြုပ်ပြစ်ပါ။ - ကြက်သွန်ဒေါင်းနီးရွက်ခြောက်ရောဂါကာကွယ်နှိမ်နင်းနိုင်ဖို့ - စိုက်ခင်းကို မျက်ခြေမပျက် သေချာစစ်ဆေးပါ။ ရောဂါစတင်တွေ့တာနှင့် ကာကွယ်နှိမ်နင်းပါ။ - ရေဖျန်းစနစ်ဖြင့် ရေပေးခြင်းကို ရှောင်ရှားပါ။ - နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး အလွန်အကျွံမသုံးပါနဲ့။ - ဓါတုဆေးများအနေနှင့် Mefenoxam (သို့မဟုတ်) Metalaxy + Mancozeb ကို 20+10 နှုန်းထားနဲ့ဖျန်းပေးပါ။ - ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် - မကွေးတိုင်းမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ရာသီဥတု တဖြည်းဖြည်း ပူနွေးလာပြီဖြစ်၍ ကန်ရေအပူချိန်ပြောင်းလဲမှုကြောင့် ငါးများစိတ်ဖိစီးဖြစ် စေနိုင်သဖြင့် ကြိုတင်ကာကွယ်တဲ့အနေဖြင့် ခုခံအားကောင်းအောင်ဆောင်ရွက်ပေးရန်၊ - ဗိုက်တာမင်စီအပါအဝင် ဖြည့်စွက်စာများကို ငါးစာထဲထည့်ကျွေးပေးရန်၊ - အာဟာရပြည့် ငါးစာများကိုသာ ရွေးချယ်ကျွေးပေးရန်၊ - ကန်ရေအောက်ဆီဂျင်ရရှိရေး ရေလှည့်ပေးရန်၊ - ဖြစ်နိုင်ပါက ကန်ရဲ့အပေါ်ရေ အနည်းငယ်ထုတ်ပေးပြီး ပြန်သွင်းပေးရန်၊ - သီးသန့် ရေလှောင်ကန်များ ထားရှိပေးရန်၊ - -------------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
