နှမ်းစျေး ပြန်လည် မြင့်တက်လာ
အရောင်း အဝယ်ပုံမှန် ရှိလာသည့်အတွက် နှမ်းစျေး အနည်းငယ် ပြန်တက်လာကြောင်း စျေးကွက်အရ သိရပါသည်။
တရုတ်နှစ်သစ်ကူးကာလပိတ်ရက်များကြောင့် အရောင်းအဝယ် အနည်းငယ်အေးကာ ကျဆင်း လာသည့် နှမ်းစျေးမှာ အဝယ်ပုံမှန်ရှိလာသည့် အတွက် စျေးပြန်တက်လာကြောင်း သိရပါသည်။
“ကုန်စည်ဒိုင်တွေမှာ ၄၅ပိဿာအိတ်တစ်အိတ် ကို ၅၀၀၀ ကျပ် ပြန်တက်တာတွေ့ရတယ်။ နှမ်း မျိုးစုံ အရောင်းဝယ် ပုံမှန်ရှိလာလို့ စျေးလေး ပြန်တက်လာတဲ့ သဘောပါ။ တရုတ်က နှစ်ကူး တောက်လျှောက် အဝယ်ရပ်ထားတာဆိုတော့ တရုတ်ကို ပို့ရတဲ့ ကုန်တွေ စျေးကွက်အေးခဲ့ကြတယ်။ “ ဟု အောင်လံမြို့မှ နှမ်းကုန်သည် တစ်ဦးက ပြောသည်။
မန္တလေး ကုန်စည်ဒိုင် ဈေးကွက်ဈေးနှုန်းအရ ဖေဖော်ဝါရီ ၁၇ရက်နေ့က နှမ်းနက် စမုံ ၄၅ပိ ဿာ တစ်အိတ်ကို ၇၃၀၀၀၀ကျပ်၊ ဆောင်းနှမ်းနက် ၄၅ပိ ဿာ တစ်အိတ်ကို ၅၃၀၀၀၀ ကျပ် ရှိ ရာမှ လက်ရှိတွင် နှမ်းနက် စမုံ ၄၅ ပိဿာ တစ်အိတ်ကို ၇၃၅၀၀၀ ကျပ်၊ ဆောင်းနှမ်းနက် ၄၅ပိ ဿာ တစ်အိတ်ကို ၅၄၅၀၀၀ ကျပ်သို့ မြင့်တက်လာကြောင်း သိရပါသည်။
ထို့အပြင် အောင်လံကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီ ၁၇ရက်နေ့က နှမ်းနက် ၄၅ပိဿာ တစ်အိတ်ကို ၆၆၅၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် နှမ်းနက် ၄၅ပိ ဿာ တစ်အိတ်ကို ၆၇၀၀၀၀ ကျပ် အထိ ပြန်တက်လာကြောင်း တွေ့ရပါသည်။
နှမ်းဖြူကတော့ မိုးနှမ်းအကုန် ဆောင်နှမ်းပေါ်နေသောကြောင့် စျေးနှုန်းတည်ငြိမ်နေပြီး အရောင်း အဝယ်လည်း ပုံမှန်ရှိနေကြောင်းသိရပါသည်။
“အရည်အသွေးရှိတဲ့ နှမ်းတွေ အရောင်းဝယ်ရှိတာ။ ပစ္စည်းရှားတယ်။ မိုးရာသီတုန်းက မိုးမိခဲ့တဲ့ နှမ်းတွေကတော့ အက်စစ်မအောင်တဲ့ အတွက် အရည်သွေးမကောင်းတာများတယ်။ “ ဟု မန္တလေး ကုန်စည်းဒိုင်မှ နှမ်းကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိ ပြည်တွင်းနှမ်းကို တရုတ်နယ်စပ်ဂိတ်များမှ တဆင့် ပုံမှန်တင်ပို့နေရခြင်းဖြစ်ပြီး ပုံမှန်ထပ် အဝယ်အနည်း လျော့လျက်ရှိကြောင်း သိရသည်။
မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကို လည်း တင်ပို့ လေ့ရှိပြီး တရုတ်နိုင်ငံ တခုတည်းသာအားထား တင်ပို့နေရကြောင်း၊ တစ်နှစ်လျှင် တရုတ်ဘက်သို့ တန်ချိန် ၃သိန်းခန့် တင်ပို့လျှက်ရှိကြောင်းသိရသည်။
ပြည်တွင်းတွင်းပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ ၈သိန်းထိ ထွက်လေ့ ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ လလယ် ၄၅ပိဿာ တစ်အိတ်ကို ၆၅၅၀၀၀ကျပ် အထိ ကျဆင်းသွားခဲ့ သေးကြောင်း စျေးကွက်မှ သိရပါသည်။
ဖိုးချဲ(AMIA)
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


NewsFeed
Communities
Explore
Inbox
Me
Market Price