ဧရာဝတီတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၇ရက်နေ့အတွင်း ဧရာဝတီတိုင်းမှာ မိုးရွာနိုင်ပါတယ်။ - ISSUED TIME - 20/02/2025 2:58pm(MMT) - ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်ဒေသမှာ မိုးများစွာရွာနိုင်ပါတယ်။ - ISSUED TIME - 20/02/2025 12:53pm(MMT) - Weather Source: Su Su San - ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - · လက်ရှိဖြုတ်ပိုးကျနေသောစိုက်ခင်းများအတွက် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြု ဆွေးနွေးပေးလိုက်ပါတယ်။ - · ဖြုတ်ပိုးက အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) နှင့် စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေကို ကြိုက်နှစ်သက်ပါတယ်။ - · ပြီးတော့ ယူရီးယားပုလဲမြေဩဇာ(N) အလွန်အကျွံထည့်ထားတဲ့ စိုက်ခင်းအခြေအနေတွေမှာ အဓိကကျရောက်ပါတယ်။ - · စိုစွတ်မှုများတဲ့အခြေအနေကိုကြိုက်နှစ်သက်တာကြောင့် ဖြုတ်ကျပြီဆိုတာနဲ့ ရေထုတ်ပေးဖို့ လိုပါတယ်။ - · ရေကို စိုတစ်လှည့်၊ခြောက်တစ်လှည့် ပြတ်တောင်းသွင်းပါ။ - · ပိုတက်ရှ်(K)ကိုအဓိကထည့်ပေးပါ။ လေကြောင်းခွဲပေးပါ။ - · ကျရောက်မှုနည်းရင် တမာဆီပြင်းအား ၃%ကို တစ်ဧက ၆လီတာနှုန်းသုံးပြီးဖျန်းနိုင်ပါတယ်။ - · ဓာတုဆေးအနေနဲ့ Buprofezin+Acetamiprid, Pymetrozine+ Nitnepyram, Fenobucarb+ Cyantraniliprole တို့ကိုရေထုတ်ပြီးမှဖျန်းပေးပါ။ - ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် - ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ- - - ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ပတ်ပတ်လည်တွင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ မြက်၊ ဒိုက်များကို သန့်ရှင်းရေးဆောင်ရွက်ရန်၊ - - မျိုးငါးကန်များအနေဖြင့် ကန်အောက်ခြေတွင် အနည်များ၊ အစာအကြွင်းအကျန်များ စုမနေအောင် ဆောင်ရွက်ရန်၊ - - မျိုးငါးကန်များအနေဖြင့် ဗေဒါကဲ့သို့သော အရိပ်ရအပင်များကို ကန်ရဲ့ ဒေါင့်တစ်နေရာတွင် စတင်စိုက်ပျိုးရန်၊ - - ပုစွန်ကန်များအနေဖြင့် ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
