ပဲတီစိမ်း(ခရမ်းရွှေဝါ)များ ဈေးကောင်းရနေ
- တရုတ်ဝယ်လက်တွေ စိတ်ဝင်စားသော ရန်ကုန်တိုင်းအတွင်းက စိုက်ပျိုးထွက်ရှိတဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ) များကို ဈေးကွက်အတွင်းမှာ ဈေးကောင်းပေးဝယ်လျက်ရှိကြောင်း ပွဲရုံများနှင့်ဒေသခံတောင်သူတွေထံမှ သိရပါတယ်။ - ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင်မြို့နယ်တွေဘက်မှ စိုက်ပျိုးထွက်ရှိတဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ) များကို လက်ရှိမှာစတင်ရိတ်သိမ်းခူးဆွတ်နေပြီဖြစ်ကာ ပိဿာ ၂၀ တစ်တင်းကို ကျပ် ၁၁၀၀၀၀ ကျော်အထိ စျေး ဖွင့်ဝယ် ယူမှုရှိနေတယ်လို့ သိရပါတယ်။ - တစ်နိုင်ငံလုံးက ပဲတီစိမ်းစိုက်ဒေသများအနက် ရန်ကုန်တိုင်းအတွင်းမှ စိုက်ပျိုးထွက်ရှိတဲ့ ပဲတီစိမ်း (ခရမ်း ရွှေဝါ) များက အရည်အသွေးပိုကောင်းတာကြောင့် နှစ်စဉ်တရုတ်ဝယ်လက်တွေ သဘောကျတဲ့ ပဲတီစိမ်းမျိုး ဖြစ်တယ်လို့ သိရပါတယ်။ - “ပဲတီစိမ်းတွေကတော့ စသိမ်းနေရပြီ။ ဈေးလည်းကောင်းနေတော့ လက်ထဲမထားပဲ ထုတ်ရောင်းနေကြတယ်။ ပဲတီစိမ်းလှိုင်လှိုင်ပေါ်တဲ့အချိန်ဆို ဈေးကျတတ်တာကြောင့်လည်း ပေါ်တာနဲ့ထုတ်ရောင်းကြတာပဲ”လို့ ခရမ်းမြို့နယ်မှ ပဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ - အဆိုပါ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို ပြည်တွင်းက တခြားဒေသများတွင် စိုက်ပျိုးကြသော်လည်း ရန်ကုန် တိုင်းအတွင်းမှာ စိုက်တာလောက်အရည်အသွေးမကောင်းသလို စျေးကောင်းလည်းမရဘူးလို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။ - ပြီးခဲ့တဲ့နှစ် ပဲတီစိမ်းစပေါ်ချိန်တွင် ပဲတီစိမ်း(ခရမ်းရွှေဝါ)တစ်တင်းကို ကျပ် ၉၀,၀၀၀ ဝန်းကျင်သာရှိပြီး ယခုနှစ်မှာတော့ တစ်တင်းကို ၁၁၀,၀၀၀ ကျော်ဖြင့် စျေးဖွင့်ဝယ်ယူလာတာကြောင့် ယခင်နှစ်ကထက် ဈေးပို မြင့်တက်လာ ခြင်းဖြစ်ပါတယ်။ - ထို့ကဲ့သို့ ပဲတီစိမ်းစျေးမြင့်တက်လာသော်လည်း စတင်စိုက်ပျိုးချိန်မှရိတ်သိမ်းချိန်အထိ အထွေထွေကုန် ကျစရိတ် မှာ အရင်နှစ်ကထက်ပိုမိုမြင့်တက်လာခြင်းကြောင့် ပဲအထွက်နှုန်းနည်းသူများအတွက် အရင်နှစ်က လောက် တွက်ခြေမကိုက်သေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ - အောင်အောင် - Opinion Leaders Mediaမှ ကူးယူဖော်ပြပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
