cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါးကန်ကို ပြန်လည်ပြုပြင်ဖို့ လိုသလား?

. Fish Articles
ကန်ဖော်ပြီးတိုင်း ငါးကန်တစ်ကန်ကိုပြန်လည် ပြုပြင်ပေးဖို့လိုလားလို့ မေးလာရင်တော့ လိုပါတယ်လို့ ပြောချင်ပါတယ်။
  • ဘာကြောင့်ဆိုရင်တော့ အောက်ပါအချက်တွေကြောင့်ပါခင်ဗျာ- 

    လိုချင်ပုံကို ပြန်ပြောင်းနိုင်ခြင်း 

    တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ ကန်ဟောင်းရဲ့ တည်ဆောက်ထားတဲ့ပုံစံဟာ အနေအထားနဲ့ မကိုက်ညီတော့တာ၊ မြေသားမမှန်တော့တာတွေရှိပါတယ်။ အဲ့လိုအချိန်မှာ ကန်ကို ပြန်ရှိုင်းပေးဖို့ လိုပါလိမ့်မယ်။ 

    ရေအရည်သွေးကို ကောင်းစေခြင်း 

    မွေးမြူထားတဲ့ ငါးကန်တွေမှာ ကျွန်တော်တို့တွေ မကြာခဏကြုံရတာတွေ ရှိပါတယ်။ အဲဒါ ကတော့ ကန်ရေဟာ နွံရောင်ဖြစ်နေတာ၊ ရေညှိတွေ အလွန်တက်နေတာ ကြုံတတ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရေစစ်တဲ့စနစ် စစ်ပေးဖို့ သတိပေးနေရာရောက်ပါတယ်။ ကန်ကိုပြန်ပြင်ပေးခြင်းက ဒါတွေကို လျော့ပါးစေပြီး ရေအရည်သွေးကောင်းလာစေပါတယ်။ 

    ကန်ရေယိုစိမ့်တာ ရပ်တံ့စေခြင်း 

    ကန်ဟောင်းတွေမှာ အဖြစ်များတာကတော့ ကန်ရေ ယိုစိမ့်တဲ့ ပြဿနာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ကန်ကို ပြန်ရှိုင်းပေးခြင်းက ရေကို ထိန်းပေးရာရောက်သလို ကုန်ကျစရိတ်ကို သက်သာစေ ပါတယ်။ တစ်ဖက်မှာလည်း နောက်တစ်ခါထပ်မဖြစ်တော့ဘူးပေါ့။ 

    စွမ်းဆောင်မှုကောင်းလာခြင်း 

    ငါးကန်တွေမှာ မိမိတို့ရဲ့ ရေစုပ်တင်တဲ့စနစ်တွေ၊ ရေစစ်တွေကို ပိုကောင်းအောင် ပြုပြင် ပေးလိုက်မယ်ဆိုရင် ကုန်ကျစရိတ်လည်းလျော့သွားမယ်။ ပြီးတော့ ကိုယ့်ရဲ့ ငါးကန်လည်း လှပ ကောင်းမွန်လာပါလိမ့်မယ်။ 

    Source: https://hoaglandscape.com/transform-your-pond-tips-for-renovations-and-upgrades/ 

    ထွက်တိုး 


  • article
likes
6
comments
0
views
2239