cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းသုံးသပ်ချက်

. Market Analysis
ပဲဆီဈေးနှုန်းအနည်းငယ်လှုပ်လာပြီး နှမ်းဆီဈေးငြိမ်နေတာကို တွေ့ရပါတယ်။
  • မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၅,၀၀၀ိ/-ကျပ်မှ ၁၆,၀၀၀ိ/-ကျပ်အထိလည်းကောင်း၊ နှမ်းဆီပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁,၄ဝ၀၀ိ/-ကျပ်မှ ၁၄,၅၀၀ိ/-ကျပ်လည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။ 

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှိုင်းယှဉ်ခြင်း 

    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပဲဆီ ပျမ်းမျှဈေးနှုန်းကို ယခင်လ (ဇန်နဝါရီလ)ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် တစ်ပိဿာလျှင် ၈၈/-ကျပ်ကျတာကို တွေ့ရပါတယ်။ ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်း ၁၅,၅၈၈ိ/-ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် ပျမ်းမျှဈေးနှုန်း ၁၅,၅၀ဝိ/-ကျပ်ရှိပါတယ်။  

    အလားတူစွာ ယခုလအတွင်း နှမ်းဆီ တစ်ပိဿာ ပျမ်းမျှဈေးနှုန်းများကို ဇန်နဝါရီလ ပျှမ်းမျှ ဈေးနှုန်း နှင့်နှိုင်းယှဉ်သော် ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွင် ပျမ်းမျှ ဈေးနှုန်း ၁၄,၂၅ဝိ/-ကျပ်ရှိပါတယ်။  

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီအထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၁၁,၀၀၀ိ/-ကျပ်၊ မတ်လတွင် ၁၂,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၃,၃၃၈/- ကျပ်၊ ဇူလိုင်လတွင် ၁၆,၂၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၁၈,၄၂၅ိ/-ကျပ်၊ စက်တင် ဘာလတွင် ၁၇,၁၂ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄,၈၅၆/-ကျပ်၊ နိုဝင်ဘာလတွင် ၁၃,ဝ၄၈ိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၁၅,၂၂၀/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၁၅,၅၈၈/-ကျပ်၊ ဖေဖော်ဝါရီလတွင် ၁၅,၅ဝဝိ/-ကျပ်၊ အသီးသီးဈေး ပေါက်နေပါတယ်။ 

    နှမ်းဆီ ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ တစ်ဿာလျှင် ၁၂,၅၀၀ိ/- ကျပ်၊ မတ်လတွင် ၁၃,၁၀၀ိ/-ကျပ်၊ ဇွန်လတွင် ၁၃,၄၈၈/-ကျပ်၊ ဇူလိုင်လတွင် ၁၄,၆၁၀ိ/-ကျပ်၊ ဩဂုတ်လတွင် ၁၆,၂၆၀/-ကျပ်၊ စက်တင်ဘာလတွင် ၁၅,၇၁ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄,၁၃ဝိ/-ကျပ်၊ နိုဝင်ဘာလတွင် ၁၄,ဝဝဝိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၁၄,၂၉၈/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ လတွင် ၁၄,၂၅ဝိ/-ကျပ်ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။ 

     ဈေးကွက် သုံးသပ် ခန့်မှန်းချက် 

    ပဲဆီဈေးနှုန်းအနည်းငယ်လှုပ်လာပြီး နှမ်းဆီဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ပွင့်လင်းရာသီရောက် လာတော့မည်ဖြစ်တဲ့အတွက် စားအုန်းဆီ ပြန်အသုံးများလာလို့ ပဲဆီ၊ နှမ်းဆီဈေးနှုန်းအပေါ် သက်ရောက်မှု ရှိလာပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

    ဦးပြည့်ဖြိုးအောင်

    ထွက်တိုး


  • article
likes
5
comments
0
views
2161