သရက်ပင်အသီးတင်အားကောင်းအောင်ပြုလုပ်နည်း
- သရက်ပင် ပန်းပုံမှန်ပွင့်ပြီး အသီးတင်အားကောင်းအောင်ဆိုရင် သရက်ပန်းပွင့်တဲ့သဘာဝ၊ ပန်းပွင့်ရန် လိုအပ်ချက်အခြေအနေ၊ ဝတ်မှုန်ကူးသန္ဓေအောင်မှုအခြေအနေ၊ အာဟာရဓာတ်ကျွေးမှု၊ ရေပေးသွင်းမှုတွေကို ထည့်သွင်း စဉ်းစားရပါမယ်။ သရက်ပင်ရဲ့ အသီးတင်မှုဟာ သရက်ပန်းပွင့်အောင် ဖန်တီးခြင်းက အဓိက သော့ချက်ဖြစ်ပြီး ပွင့်လာတဲ့သရက်ပွင့်တွေ သန္ဓေအောင်ပြီးရထားတဲ့အသီးတွေ မကြွေကျဘဲ အပင်ပေါ်မှာ ရင့်မှည့်သည်ထိ ရပ်တည်နေအောင် ပြုစုစောင့်ရှောက်ခြင်းကို ပြုလုပ်ရပါမယ်။ - သရက်ပန်းပွင့်အောင် ဆောင်ရွက်ရာတွင် သရက်အပင်ပင်စည်ကို ဓားထစ်ပေးခြင်း ဖြစ်ပါတယ်။ အစာရေကြော ဖြတ်တောက်ပြီး အပင်ကြီးထွားမှု လျှော့ချကာ အပွင့်၊ အသီး အားပေးစေတဲ့ နည်းစနစ်ဖြစ်ပါတယ်။ ဒုတိယနည်း ပညာမှာ ကိုင်းချိုင်ပေးခြင်း ဖြစ်ပါတယ်။ ကိုင်းချိုင်ပေးခြင်းဖြင့် နေရောင်ခြည်ကောင်းစွာရရှိပြီး လေဝင်လေထွက် ကောင်းလာစေပါတယ်။ သုတေသနပြု စမ်းသပ်ချက်ရလဒ်အရ ကိုင်းချိုင်ပေးခြင်းအားဖြင့် ပုံမှန်ပန်းပွင့်စေပြီး သရက်သီးတင်အား ကောင်းလာတဲ့အပြင် ကိုင်းရင်းများမှာလည်း ပွင့်သီးအားကောင်းလာတယ်လို့ တွေ့ရှိထား ပါတယ်။ တတိယနည်းလမ်းမှာ သရက်ရွက်ခြောက်၊ မြက်ခြောက်၊ ကောက်ရိုးတို့နဲ့ အပင်တန်းကြားမှာ လိုက်ပုံပြီး နံနက်စောစောအချိန်မှာမီးရှို့၍ မီးခိုးမှိုင်းတိုက်ပေးခြင်း ဖြစ်ပါတယ်။ စတုတ္ထ နည်းလမ်းကတော့ ပန်းပွင့်အားကောင်းစေရန်၊ အသီးကြွေမှုနည်းစေရန်၊ အသီးကြီးထွားမှုကောင်းစေရန်၊ ပန်းဖူးမပေါ်မီ တစ်လ ကြိုတင်၍ ရေပေးသွင်းခြင်း သုတေသနရလဒ်အကျိုးကို တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ရေမသွင်းမီကျွေးရမည့် ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ ကျွေးနိုင်ပါကပို၍ထိရောက်ပါတယ်။ ပထမအကြိမ် ဓာတ်မြေသြဇာနဲ့ သဘာဝမြေသြဇာ (၁း၃း၁) အချိုးနှုန်းကို မေလ၊ ဇွန်လကျွေးပါ။ ဒုတိယအကြိမ် ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ (၁း၃း၁) အချိုးနှုန်းကိုစက်တင်ဘာလ၊ အောက်တိုဘာလတွင် ကျွေးပါ။ ဒုတိယအကြိမ်ကျွေးပြီး တစ်လကြာရင် (ဝး၅၂း၃၄) အချိုး မြေသြဇာ ၆၀-၈၀ ဂရမ်ကို ရေ ၂၀ လီတာနဲ့ ၁၅ ရက် တစ်ကြိမ်ဖျန်းပါ။ တတိယအကြိမ် ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာကျွေးခြင်းကို (၃း၁း၁) အချိုး၊ အသီးကင်း စတင်ကြီးထွားစ အချိန်ကာလတွင် ကျွေးပါ။ (၃၀း၁၀း၁၀) အချိုးကို ရွက်ဖျန်းအနေနဲ့ဖျန်းပါ။ အသီးငယ်အရွယ်၊ ခါကြက်ဥအရွယ် (၄၅ ရက်သား) တွင် ကျွေးစေရန်အတွက် ၁၅း၃၀း၁၅ မြေသြဇာနဲ့ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်၊ ဘိုရွန်များဖျန်းပေးရန် လိုအပ်ပါတယ်။ အသီးအဆင့်ဆင့် ကြီးထွားလာသည့် တိုင်အောင် ဤကဲ့သို့ အဆင့်ဆင့် ပြုစုစောင့်ရှောက်သွားရင် တောင်သူကြီးများရဲ့ သရက်ခြံ အသီးများများ တက်လာပါလိမ့်မယ်။ - - အောင်ဆန်း(စိုက်ပျိုးရေး) - မြန်မာတောင်သူကြီးများ ဂျာနယ် - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
