တော်ဝင်သဇင်ပန်း အကြောင်းတစေ့တစောင်း
December လအတွင်း လှိုင်လှိုင်ပွင့်သော သဇင်ပန်းကလေးများသည် နတ်တော်လ၏ အထိမ်းအမှတ်ပန်းလည်း ဖြစ်သည်...
✨မြန်မာလူမျိုးတို့ အမြတ်တနိုး အဖိုးတတန်ထား၍ တော်ဝင်နတ်ပန်းဟု အမှတ်ပြုကြသော သဇင်ပန်းသည် သန့်ပြန့်စင်ကြယ်သော နေရာ၌သာ ပေါက်တတ် ပွင့်တတ်သောကြောင့် သန့်စင်ပန်းဟူ၍လည်းကောင်း
ဒဏ္ဍာရီပုံပြင်များအရ မင်းသမီးကလေးသည် သူ၏နှလုံးသားကိုထုတ်၍ သစ်ပင်ပေါ် တင်လိုက်ရာမှ နှလုံးသားသည် သဇင်ဥဖြစ်၍ ပွင့်လာသောအပွင့်ကို နှလုံးသားမှ သွေးစင်သည်ဟု အယူရှိကာ သွေးစင်ပန်းဟူ၍၎င်း ခေါ်ကြကြောင်းဖြင့် အဆိုအမျိုမျိုးရှိသည်။
သဇင်ပင်သည် သစ်ခွမျိုးစိတ်ထဲတွင် ပါဝင်သည်။
ဂမုန်းမျိုးတွင်လည်း ပါဝင်သည်ဟု မှတ်သားရသည်။ ဂမုန်းမျိုးဖြစ်သော သဇင် (၁၅)မျိုးရှိကြောင်း၊ တော်ဝင်ပန်းဖြစ်ကြောင်းတို့ကို ရွှေတိုက်စိုးဦးတိုးရေးသားသည့် ရာမရကန်၊ သဇင်အချီးတွင် တွေ့မြင်နိုင်သည်။
သဇင်ပင်သည် တစ်နှစ်တစ်ခါသာပွင့်သော အပင်မျိုးဖြစ်သည်။ ဆောင်းရာသီဖြစ်သော နတ်တော် ပြာသိုလများတွင် လှိုင်လှိုင်ပွင့်လေ့ရှိသည်။
⚜️✨ သဇင်ပန်းပွင့် အရောင်သည် လေးမျိုးရှိပြီး ယင်းတို့မှာ..
..သဇင်ဖြူ
..သဇင်ဝါ
..သဇင်နီ
..သဇင်နက် တို့ဖြစ်ကြသည်။
🌾♦️ ရှမ်းပြည်တောင်ပိုင်းနှင့် မော်လမြိုင်မြို့အနီးတစ်ဝိုက်တွင် သဇင်ဖြူများထွက်၍ ..
🌾♦️ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များ၊ ကျေးလက် တောရွာများနှင့် မေမြို့တစ်ဝိုက်မှ သဇင်ဝါများထွက်သည်။
🌾♦️ သဇင်နီမျိုးသည် တောင်ငူနယ် တောတောင်စိမ့်ကြီးများ၌ပေါက်၍ မေမြို့တစ်ဝိုက် ကျေးလက် တောအုံများတွင် သဇင်နက်များ တစ်ခါတစ်ရံရသည်။
🌾♦️ သဇင်ဖြူသည် သဇင်ဝါလောက် မမွှေးချေ။ သဇင်ဝါပွင့်ထက် အပွင့်ကြီးသော်လည်း ရိုးတံတွင် အပွင့်ကျဲသည်။
🌾♦️ သဇင်ဝါသည် အပွင့်သေး၍ ရိုးတံ၌ စိတ်စိတ် အခိုင်လိုက် ပွင့်သည်။ ရနံ့အလွန်မွှေးသည်။
🌾♦️ သဇင်နက်နှင့် သဇင်နီသည် ရနံ့မမွှေးချေ။ အတွေ့ရလည်း အလွန်နည်းသည်။
🌾♦️သဇင်နီနှစ်မျိုးရှိသည်။ အပွင့် ရောအရိုးတံပါ နီသောသဇင်နီမျိုးနှင့် အပွင့်သာနီ၍ ရိုးတံမနီသောသဇင်နီမျိုးတို့ဖြစ်သည်။ သဇင်နီဟုဆိုသော်လည်း ပန်းရင့်ရောင်ဖြစ်သည်။
🌾♦️သဇင်နက်ပွင့်သည် မီးသွေးခဲကဲ့သို့နက်မှောင်သည်။ ဥကမူစိမ်းသည်။ သဇင်နီထက် သဇင်နက် ကရှားပါးလွန်းသည်။
⚜️✨⚜️ မြန်မာမင်းများလက်ထက်တော်အခါက သဇင်ပန်းသည် ဘုရင်မိဖုရားတို့သာ ဦးဦးဖျားဖျားပန်ခွင့်ရသောပန်းဖြစ်သဖြင့် တော်ဝင်ပန်းအဖြစ် အသိအမှတ်ပြုကြသည်။
❄️ သဇင်ပန်းသည် နတ်တော်လ၌ ပွင့်သဖြင့် အမြတ်တနိုးထား၍ နတ်တင်ကြသောကြောင့် နတ်ပန်းဟုလည်းခေါ်ကြသည်။ ဆေးဖက်ဝင်သည်။
📜🌾 မြန်မာ့ဆေးကျမ်းအလိုအရ သဇင်ပွင့်သည် မူးဝေငိုက်မြည်းသောအနာကို လည်းကောင်း၊ ဦးခေါင်းကိုက်ခြင်း မျက်စိနာခြင်းတို့ကိုလည်းကောင်း၊ ဆာလောင်မွတ်သိပ်သောအနာကိုလည်းကောင်း၊ သလိပ်သည်းခြေအားကြီးသော အနာကိုလည်းကောင်း ချမ်းသာစေတတ်၏ဟုဆိုသည်။
#Wikipedia
▫️❄️▫️နတ်တော်လ၏ အထိမ်းအမှတ်ပန်း ဖြစ်ပြီး ဒီဇင်ဘာလတွင် လှပဝင့်ကြွားစွာ လှိုင်လှုင်ပွင့်တက်သော သဇင်ပန်းကလေးအများအကြောင်းကို သိရှိစေနိုင်ရန် ဝေမျှပေးလိုက်ပါသည်..
🚩Happy Vacation Travel မှ ယခုလို Stay at Home ကာလမှာ မြန်မာပြည်ရဲ့ အချို့သော ဒေသတွေရဲ့ သမိုင်းကြောင်းများ၊ ဖြစ်တည်မှု များကို ဗဟုသုတရဖွယ် တင်ဆက် ဖော်ပြပေးမှာမို့လို့ (မသိသေးသူများအတွက် ရည်ရွယ်ခြင်း၊ သိရှိပြီးသူများအတွက်လည်း စိတ်အပန်းဖြေ ဖတ်ရှုနိုင်ရန်အတွက်) ကြိုးစားရှာဖွေစုစည်းတင်ပြပေးမှာမို့ Page လေးကို စောင့်ကြည့်ပေးကြပါအုံးနော်။ Page Like & Share လေးလဲ လုပ်ပေးကြပါအုံးရှင့်။
ကျေးဇူးအထူးပင် တင်ရှိပါတယ်🥰😘
Crd to original uploader
✦✦✦✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


NewsFeed
Communities
Explore
Inbox
Me
Market Price