မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မန္တလေးတိုင်း ၂၁ရက်နေ့မှ ၂၈ရက်နေ့အတွင်း နေ့အပူချိန်များအနည်းငယ်မြင့်တက်လာနိုင်ပါတယ် မိုးမရှိပါဘူး - ညအပူချိန်ပုံမှန်ပါဘဲ။ - Weather Source: Su Su San - ကြက်သွန်စိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - တောင်သူကြီးများလှေးပိုးအန္တရာယ်ကြုံတွေ့နေရပြီဆိုရင် - • စိုက်ခင်းအပူချိန်မြင့်ရင် လှေးပိုးပွားများနှုန်းမြန်တာကြောင့် စိုက်ခင်းအစိုဓာတ်ကိုချိန်ညှိပေးပါ။ - • အပင်အပေါ်မှ ရေဖျန်းစနစ်ဖြင့်ရေပေးပါ။ - • ကြက်သွန်ဘောင်မြေကြီးကို ကောက်ရိုးများအသုံးပြု၍ ဖုံးအုပ်စိုက်ပျိုးပါ။ - • နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးတွေ အလွန်အကျွံမသုံးပါနဲ့။ - • အပြာရောင်ပိုးကပ်ထောင်ချောက် (Blue Sticky Trap) များအသုံးပြုပါ။ - • ဓာတုဆေးအနေနဲ့ Fipronil, Acetamiprid, Spinosad တို့လိုဆေးမျိုး တစ်လှည့်စီအသုံးပြုနိုင်ပါတယ်။ - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - • မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - • ကန်ရေအရည်သွေးကို စစ်ပေးရန်၊ - • ရေဩဇာတက်နေပါက အစာကို လျော့ကျွေးပေးရန်၊ - • ကန်ရေပေါ် ရေညှိများရှိနေပါက ဖယ်ရှားပေးရန်၊ - • ကန်ရေ သံချေးရောင်ဖြစ်နေပါက ကန်ရေရဲ့ ၃ ပုံ ၁ ပုံကို ထုတ်ပြစ်ပြီး ရေသစ်လဲပေးရန်၊ - • ပျော်ဝင်အောက်ဆီဂျင်တက်စေရန် ချိန်းဆွဲပေးရန်၊ - • အမိုးနီးယားဓါတ်အဆိပ်တောက်မဖြစ်စေရန် ကန်အောက်ခြေရှိ အနယ်အနစ်များကို ဖယ်ရှားရန်၊ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
